Extra 4.1 Past Life with HE

10.8K 1.3K 26
                                    

Unicode

အခုတစ်ခါ ထန်းဇီယုယာဉ်မတော်တဆဖြစ်မှုသည် ကုကျိုစစ် အပေါ် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အရိပ်တစ်ခု ဖြစ်လာတော့သည်။ အရာအားလုံးကအမှန်မဟုတ်သလို ထန်းဇီယု တစ်ခုခုဖြစ်သွားမှာ အမြဲစိုးရိမ်နေမိ၏။ သူသာ ဂရုမစိုက်ဘူးဆိုရင် ထန်းဇီယုက မတော်တဆဖြစ်ကာ ပျောက်ကွယ် သွားလိမ့်မည်။

ထို့ကြောင့် သူသည် အသက်ရှင်နေသေးကြောင်း သေချာစေရန် ထန်းဇီယုအား အမြဲလိုလို ကြည့်နေခဲ့သည်။

အသက်ရှင်နေတုန်း၊ ကျန်းမာနေတုန်းပဲ။

အစပိုင်းတွင်၊ ထန်းဇီယုရဲ့ ဆေးရုံကတင်နားကမခွါနိုင်ခဲ့ပေ။ သူသည် ထန်းဇီယု ကုတင်ဘေးတွင် လဲလျောင်းနေပြီး မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ကိုချက်ချင်း မြင်နိုင်သည်။

နောက်ပိုင်းတွင် သူသည် ထန်းဇီယု ဆေးရုံကုတင်ဘေးတွင် ကုတင်တစ်လုံးကို ချထားခဲ့သည်။ နောက်ပိုင်းတွင်တော့ထန်းဇီယုရဲ့ ဆေးရုံခုတင်နားကခွါရန် အတင်းအကြပ်တွန်းအားပေးခံရတော့သည်။

ယခုမူ သူတို့ကို အိပ်ခန်းနှစ်ခန်းကခွဲထားလိုက် သောအခါ ကုကျိုစစ်ရဲ့ကြောက်ရွံ့မှုက ပြန်လည်ထွက်ပေါ်လာတော့သည်။

သူစောင်ကိုယူကာ စင်္ကြံဆီသို့ လျှောက်သွားလိုက် ပြီး ဖွင့်ထားသော တံခါးမှတစ်ဆင့် ထန်းဇီယု အိပ်ယာပေါ်တွင် ရှိနေသည်ကို သူမြင်နေရလေသည်။

သူက "ရှောင်ယု" လို့ခေါ်လိုက်တော့

"ဘာကိစ္စရှိလို့လဲ" ထန်းဇီယုက ပြန်မေးသည်။

"ကောင်းသောညပါ။"

ကုကျိုစစ် ပြောလိုက်သည်။

ထန်းဇီယုသည် ကုကျိုစစ်သူ့အခန်းတံခါးနားတွင် လာအိပ်နေသည်ကိုမြင်သောအခါ သူခဏတာ ခံနိုင်ရည်မရှိဘဲ နူးညံ့စွာပြောလိုက်မိသည်။

"ကောင်းသောညပါ။"

သူမျက်လုံးများကို မှိတ်ချလိုက်လေသည်၊သို့သော် သူ့အိမ်မက်ထဲတွင် သူကုကျိုစစ်ကို အိမ်မက်မက်၏။

ကုကျိုစစ်သည် သူ့တံခါးနားမှာ အိပ်ပြီး သူ့ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now