43( Unicode)

17.2K 1.5K 10
                                    

ကုကျိုစစ်သည် သူတို့ ပထမဆုံးစေ့စပ်တဲ့အချိန်ကို မတွေးတောဘဲ မနေနိုင်ခဲ့။သူလေယာဉ်ပေါ်ကဆင်း ပြီး အိမ်ပြန်တိုင်း ထန်းဇီယုက ဘယ်လောက်ပဲ စောစော ဘယ်လောက်ဘဲနောက်ကျနောက်ကျအမြဲ သူ့ကို အိမ်မှာစောင့်နေလေ့ရှိသည်။

သူသည် ခြေလှမ်းများကို လှမ်းလိုက်ကာ သူ့ကိုပွေ့ဖက်လိုက်သည်။ "နောက်တစ်ခါဆို ကိုယ့်ကိုမစောင့်ပါနဲ့။ အရင်အိပ်နှင်လေ၊ ကိုယ်ပြန်လာမှာပေါ့"

"အဆင်ပြေပါတယ်။" ထန်းဇီယုပြန်ပြောလိုက်သည်။ "ပြီးတော့ မင်းကိုလွမ်းနေတယ်လို့ငါမပြောခဲ့ဘူးလား?"

သူက ကုကျိုစစ်ကို နည်းနည်းလေး လွှတ်လိုက်ပြီး သူ့ကို ကြည့်လိုက်ကာတိုးတိုးလေး ပြောလိုက်သည်။ "ငါလည်း မင်းကို စောစောတွေ့ချင်တယ်"

ကုကျိုစစ်သည် သူ့စကားကြောင့် ချက်ချင်းပင် အံ့ဩသွားသည်။ သူကခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းကိုနမ်းလိုက်ပြီး ကောက်ချီလိုက်သည်။ "သွားရအောင်။ ကိုယ့် မင်းသားလေးကို သူ့အခန်းထဲပြန်ခေါ်သွားပေးမယ်။"

ထန်းဇီယု က သူပြောတာကို ကြားတော့ရယ်လိုက်ကာ "ငါကမင်းသားလေးဖြစ်တုန်းပေါ့။"

"ဖန်တွေပြောတာလေ ကောကောက မင်းသားလေးလို အရမ်းချောတာပဲ"

"မင်းအခုထိ အဲ့ဂရုထဲကမထွက်သေးဘူး!"ထန်းဇီယု အနည်းငယ် လန့်သွားသည်။

"ကိုယ်ကဘယ်အဖွဲ့ကထွက်ရမှာလဲ? သေချာပေါက်ဒီလိုကောင်းတဲ့အဖွဲ့က နောက်ထပ်နည်းနည်း လောက်တောင် တိုးချဲ့ဖို့လိုသေးတယ်။"

ထန်းဇီယု - မင်းရဲ့ အမာခံဖန်အစစ်တွေ မင်းကို ဒေါသထွက်သွားမှာ ငါကြောက်တယ်!!!

သူထပ်ပြီး ညီအစ်မဝိုင်နီတွေကို သနားပြီး မျက်ရည်ကျမိပြန်ပြီ။

"ဒါဆို မင်းရဲ့ အရေပြားကို သေချာဖုံးထား၊ မင်းရဲ့မြင်းကို မဆုံးရှုံးစေနဲ့"

"သေချာတာပေါ့၊ စိတ်မပူနဲ့။ ကိုယ့်မှာ ဒီလို အာရုံခံကောင်းပါတယ်။"

ထန်းဇီယုသည် သူ့ရဲ့ ညစ်ပတ်သော အကြည့်ကို ကြည့်လိုက်ပြီး အလွန် သံသယဖြစ်ဖွယ်ကောင်းသည်ဟု ခံစားမိလိုက်၏။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now