"ငါသိပြီ။" သူပြန်ပြောလိုက်သည်။"အဲ့တော့ မင်းအရင်ပြန်သွားလို့ရမလား? ငါသွားစားတော့မယ်။"
ထိုမှသာ ကုကျိုစစ်က ခေါင်းညိတ်ပြလာသည်။ "ဒါဆို မင်း ညစာစားပြီးရင် အနားယူနော်။"
"အင်း။"
ထန်းဇီယု သူ့ထွက်သွားတာကိုကြည့်နေလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ကာ ဆန်ပြုတ်ကို ဖြည်းဖြည်းချင်းသောက်လိုက်သည်။ ခုနကကုကျိုစစ် ပြောခဲ့တဲ့စကားတွေကို ပြန်တွေးမိပြီး သူ့အနေနဲ့ အနည်းငယ် စိတ်အေးလက်အေးဖြစ်သွားသလို အနည်းငယ် ပျော်ရွှင်နေပုံရတယ်လို့ ခံစားမိလေသည်။
သူ့ကိုယ်သူ 'ထိုခံစားချက်' ကို သေသေချာချာ မခံစားဝံ့ပေမယ့် ကုကျိုစစ်ပြောခဲ့သည့်စကားတွေကိုတော့ သူတကယ် သဘောကျနေတယ်ဆိုတာ သိသာထင်ရှားနေသည်။
လူတွေကအမြဲတမ်း ဆန့်ကျင်ဘက်တွေ ဖြစ်လေသည် ။ မင်းက သူ့တို့ကို မတွေ့ချင်ဘူးလို့ ပြောနေပေမယ့် တစ်ဖက်သားရဲ့ ကတိသစ္စာကြောင့် သူ့ စိတ်ထဲမှာတော့ ဝမ်းသာနေမိ၏။
သူသည် ကုကျိုစစ်ရဲ့အချစ်ကို အကြာကြီးစောင့်ခဲ့ရသည်။ အချိန်အတော်ကြာထိ သူဟာချစ်ခံရဖို့မထိုက်တန်လို့များလား ဒါမှမဟုတ်သူကလုံလုံလောက်လောက်မကောင်းပေးခဲ့လို့ ကုကျိုစစ်ကသူ့ကို မချစ်တာများလားလို့ သူသံသယဝင်နေခဲ့သည်။
နောက်တစ်ကြိမ် တစ်စုံတစ်ယောက်ကို ထပ်ပြီး သဘောကျဖို့ ဘယ်တော့မှ အစပြုတော့မှာ မဟုတ်ဘူးလို့ သူတကယ်ပဲ တွေးထားခဲ့သည်။ တက်တက်ကြွကြွ ပိုးပန်းတာကတကယ်ပဲ ပင်းပန်းလွန်းတယ်။ တစ်ကြိမ် ခံစားဖူးခဲ့ပြီးပြီမို့ ဒုတိယအကြိမ် ထပ်မမြည်းစမ်းချင်ခဲ့တော့ပေ။
ဒါပေမယ့် အခု ကုကျိုစစ် သူ့ကို ပြောပြီးတဲ့နောက် မှာတော့ တစ်ဖက်လူက သူ့ကို တကယ်သဘောကျတယ်လို့ ခံစားမိ၏။ သူ့ရဲ့ အချစ်နောက်ကို ထပ်ပြီးလိုက်နိုင်လိမ့်မယ်လို့ သူခံစားနေရလေသည်။
သူဟာ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုအပေါ် ချုပ်ထိန်းထားနေသ၍၊ တစ်ဖက်သားကို အခက်မတွေ့စေဘဲ တစ်ဖက်လူကို ဖိအားတွေပေးမနေသ၍ သူဟာ တစ်စုံတစ်ဦးကို ရဲရင့်စွာ ချစ်နိုင်ဆဲဖြစ်သည်။ နောက်ဆုံးတော့ သူဟာ အချစ်ခံရဖို့ထိုက်တန်သူဖြစ် လေသည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်
RomanceTitle - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6 extra Genre - Romance, Shounen Ai Full credit to original author and English translator.