ကုကျိုစစ်သည် ရှန်းချီခွန်ထံမှ သူနဲ့အတူဧည့်သည် သရုပ်ဆောင်ရန် ပြောလာသည်ကိုကြားသောအခါ အချိန်ကြာအောင်စဉ်းစားပြီးနောက် သူကပြောလိုက်သည်။ "မဖြစ်နိုင်တာတော့မဟုတ်ဘူး၊ ဒါပေမယ့် ငါရှောင်ယုနဲ့ အတူတူတွဲ ရိုက်ချင်တယ်။"
"စဉ်းစားတဲ့အကွက်လေးလှတယ်နော် " ရှန်းချီခွန် က သူ့ကို လှောင်ပြောင်လာသည်။
"မဟုတ်ရင်ရော? ငါဘာလုပ်ရမှာလဲ?" ကုကျိုစစ် က ခပ်အေးအေးပဲပြန်ပြောလာသည်။ "ငါပြောတဲ့ အချက်တွေနဲ့ညီရင် ဧည့်သရုပ်ဆောင်လုပ်ပေးမယ် ။ ငါကျေနပ်အောင်မလုပ်ပေးရင်တော့ ဒီကိစ္စကိုမေ့လိုက်တော့။"
ရှန်းချီခွန်မှာ ထိုကဲ့သို့လက်လျှော့လိုက်လို့မရတာကြောင့်ဒါရိုက်တာဝမ်အား ဒီတောင်းဆိုမှုအကြောင်းပြောပြလိုက်ရသည်။ ဒါရိုက်တာဝမ်က ကြားကြားချင်းပဲ ပြန်ပြောလေသည်။ "အဲ့ဒါလွယ်လွယ်လေးမဟုတ်ဘူးလား?ဒါဆို ရှောင်ကုကို ရှောင်ထန်း နဲ့ တူတူသရုပ်ဆောင်ဖို့ roleတစ်ခုပေးလိုက်။"
"ဒါပေမဲ့" ဒါရိုက်တာဝမ် သိချင်မိသည်။ "ရှောင်ကု နဲ့ ရှောင်ထန်းက အရင်ကတည်း ကသိကြတာလား? ဘာလို့သူက ရှောင်ထန်းနဲ့ တွဲသရုပ်ဆောင်ချင်ရတာလဲ?"
"သူက ရုပ်ချောလို့နေမှာပေါ့"
ဒါရိုက်တာဝမ်:......
"အဲ့ဒါဆိုရင် ရှောင်ထန်းရဲ့ကံကတော်တော်ကောင်းတာပဲ"
"တွဲရိုက်ရမှာ။ မင်း ရှောင်ကုနဲ့ တွဲရိုက်ရမှာ။ ဒီ ဒရာမာ သာထွက်လာရင် တခြားသူတွေနာမည် ကြီးမကြီးတော့မသိဘူး သူကတော့သေချာပေါက်နာမည်ကြီးလာလိမ့်မယ်"
ရှန်းချီခွန်လည်း ထိုကဲ့သို့ထင်သည်။ဒါရိုက်တာနှင့်စကားပြောပြီးနောက် ထန်းဇီယုဆီ wechat ကနေစာပို့ပြီး ထိုကိစ္စအကြောင်းပြောပြလိုက်သည်။
ရှန်းချီခွန်ရဲ့ စာကိုမြင်တော့ ထန်းဇီယုမျက်မှောင် ကြုတ်လိုက်မိတယ်။[သူကကျွန်တော်နဲ့ ရိုက်ချင်လို့လား? ကျွန်တော် သူနဲ့တူတူသရုပ်ဆောင်ချင်ဘူး]
ရှန်းချီခွန်: [ဧည့်သရုပ်ဆောင်လုပ်ဖို့အတွက် သူလိုအပ်တာ ဒီတစ်ချက်ပဲတဲ့။ ဒါရိုက်တာဝမ်ကဒီကိစ္စကိုစဥ်းစားနေတာ တော်တော်ကြာပြီ။ မင်းမတရားသလို ခံစားရရင်တောင် ဒီတိုင်းလုပ်ကြည့်လိုက်ပါ အိုကေ?" ]
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်
RomanceTitle - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6 extra Genre - Romance, Shounen Ai Full credit to original author and English translator.