မုန့်ညှက်ပြုလုပ်ပြီးနောက် ချင်မျန်သည် မုန့်ညှက်လက်တစ်ဆုပ်စာကိုယူကာ ပိုက်ပုံသဏ္ဍာန်ဖြစ်အောင် ဆုပ်နယ်ပြီးနောက် မုန့်ညက်များကို ဓားဖြင့်လှီးဖြတ်ကာ။ထို့နောက် ဖက်ထုပ်ရွက်များ ပြုလုပ်ရန် လိပ်တံကို အသုံးပြု၍ အတုံးသေးသေးလေးများအ​ပေါ် လှိမ့်ချလိုက်သည်။

လဲ့ယ်ထျဲသည်လည်း သင်ယူပြီးနောက် ဖက်ထုပ်ရွက်များကို ကူလှိမ့်ပေးခဲ့သည်။ထိုအချိန်မှာ​တော့ ချင်မျန်သည် မီးသွေးမီးဖိုဘေးတွင် ဖက်ထုပ်များကို ထုပ်​နေ၏။သူ့ဘယ်ဘက်လက်ဖဝါး အလယ်ရှိ ဖက်ထုပ်ရွက်​ပေါ်ကို ဇွန်းသေးသေးလေးသုံးပြီး အစာသွပ်​တွေကို တင်လိုက်၏။ထို့နောက် ဖက်ထုပ်ရွက်ကို ပိတ်ကာ တင်းတင်းကျပ်ကျပ် စေ့လိုက်သည်။ဖက်ထုပ်တစ်ထုပ်ကို စက္ကန့်အနည်းငယ်ကြာသာ ထုပ်ပြီး သန့်ရှင်းသည့် ဆန်ကာကြီးတစ်ခုထဲတွင် ထည့်ထားလိုက်သည်။

လဲ့ယ်ထျဲ၏လက်ကဖြင့် ဖက်ထုပ်ရွက်တစ်ဒါဇင်ကို အလျင်အမြန်လှိမ့်လိုက်ပြီး ချင်မျန်က ယင်းတို့အားလုံးကို ထုပ်​​နေသည်။ဖက်ထုပ်ရွက်အားလုံးကို သုံးပြီးနောက် သူ ဆက်လက်လှိမ့်နေပြန်သည်... တစ်နာရီအကြာတွင် အဖြူရောင် ဖက်ထုပ်ပေါင်း ၂၀၀ နီးပါးသည် ဆန်ကာတစ်ခုလုံးအပြည့် ဖုံးလွှမ်းသွားခဲ့သည်။

"မီးမွှေးပြီး ဖက်ထုပ်ကို ပေါင်းဖို့ပြင်တော့။" ချင်မျန် ညွှန်ကြားလိုက်သည်။
လဲ့ယ်ထျဲက မီးဖိုကို မီးမွှေးလိုက်ပြီး အိုးထဲသို့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်လိုက်သည်။

"ဘယ်နှစ်ခု စားမလဲ?" ချင်မျန် မေးလိုက်သည်။ဖက်ထုပ်ပေါင်း 100 ကျော်ကို တစ်နပ်တည်းတွင် လူနှစ်ဦးမစားနိုင်ချေ။
လဲ့ယ်ထျဲသည် ဖက်ထုပ်များကို ကြည့်ကာ မဆိုင်းမတွပင် “၅၀” ဟုပြောလိုက်၏။

ချင်မျန်က အနည်းငယ်တော့ မယုံသက်ာဖြစ်သွားပြီး "ခင်ဗျား အဲဒါတွေကို ကုန်အောင်စားနိုင်လို့လား?"
လဲ့ယ်ထျဲ ပါးစပ်ဖွင့်ဟလိုက်ကာ “မင်း ထုပ်ထားတာ သေးတယ်​လေ”

ချင်မျန်၏စူးရှသော မျက်လုံးများက သူ၏(LT) နားရွက်များ အနည်းငယ်နီနေသည်ကို တွေ့လိုက်ရပြီး မထိန်းနိုင်ဘဲ ရယ်မောမိကာ  “ဘာကို ရှက်နေတာလဲ?ခင်ဗျား အရမ်းစားနိုင်တာကို ကျွန်တော် မကြိုက်တာမျိုး မရှိပါဘူး။ကျွန်တော် ခင်ဗျား အတွက်လုပ်​ပေးနိုင်တယ်၊စိတ်မပူနဲ့။"
လဲ့ယ်ထျဲ ခေါင်းညိတ်လိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now