24( Unicode)

12.9K 1.7K 8
                                    

ရွှီစစ်ကျားသည် ရှန်းချီခွန်ကို ကလူမြူကာ ဖြောင်းဖျသော်လည်း ထိုသူကတော့ အဖက်တောင်မလုပ်ပေ။ ရွှီစစ်ကျားမှာ မတတ်နိုင်တော့ဘဲ နှုတ်ဆိတ်နေလိုက်ရတော့သည်။

ထန်းဇီယု မိတ်ကပ်ဖျက်ပြီး အဝတ်လဲခန်းထဲက ထွက်လာတာနဲ့ တစ်စုံတစ်ယောက်က သူ့ကို "ရှောင်ယု" လို့ ခေါ်သည့်အသံကြားရလိုက်တော့

သူ ခေါင်းကို လှည့်ကြည့်လိုက်ကာ ရှန်းချီခွန်ကိုတွေ့လိုက်ရလေသည်။ သူကမေးလိုက်သည်။ "ရှန်းကော၊ ရိုက်ပြီးသွားပြီလား?"

"အင်း၊ ဒီနေ့ ရိုက်ကွင်းက ပြီးသွားပြီ။"

ထန်းဇီယုက သူဒီနေ့နောက်ကျမယ်လို့ ထင်ထားပေမယ့် ဒီလောက်စောမယ်လို့လည်း မထင်ထားပေ။ "ကျွန်တော်သိရင် အစ်ကိုကို့စောင့်နေပါတယ် ။ အစ်ကို တခြား ဇာတ်ဝင်ခန်းတွေရိုက်ရအုံးမယ်ထင် နေတာ။"

ရှန်းချီခွန်ကပြုံးပြီး သူ့နားသို့ လျှောက်လာကာ ပြောလာသည်။ "သွားရအောင်။"

ထန်းဇီယု ခေါင်းညိတ်ပြလိုက်ကာ သူနဲ့ အတူ ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။

ရှန်းချီခွန်သည် ညစာမစားရသေးသဖြင့် ဗိုက်ဆာနေပြီဖြစ်ကာ၊ သူက ထန်းဇီယုကို ဟိုတယ်မှစားသောက်ဆိုင်ထဲသို့ ခေါ်သွားလိုက်သည် ။

ထန်းဇီယု ညစာစားပြီးပြီဖြစ်သော်လည်း ရှန်းချီခွန်သည် ဒီမှာနေတုန်း သူ့ကို ဂရုစိုက်လေ့ရှိတာကြောင့် သူ မငြင်းဆိုလိုက်ပေ။ သူက ရှောင်လုကိုသာ စောစော ပြန်ပြီး အနားယူဖို့ပြောလိုက်သည်။

ရွှီစစ်ကျားသည် သူမရဲ့ မိတ်ကပ်ကိုဖျက်ပြီးနောက် အစားအသောက်ဝယ်ပေးသော လက်ထောက်က သူမနားကို လျှောက်လာသည်။ "ဆရာရှန်း နဲ့ ထန်းဇီယု စားသောက်ဆိုင်မှာ အတူစားနေကြတယ်"ထိုစကားအား သူမကြားလိုက်ရသောအခါ

သူမအံ့ဩသွားတော့သည်။ "ထန်းဇီယု? ရှန်းကောက ငါ့ကိုငြင်းပြီး သူနဲ့သွားစားတာလား?"

လက်ထောက်လေးက ခေါင်းညိတ်ပြလာသည်။ "သူတို့နှစ်ယောက် ရယ်ရယ်မောမောနဲ့ စကားကောင်းကောင်းပြောနေကြပုံပဲ"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now