19( Unicode)

13K 2K 95
                                    

ကုကျိုစစ် လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး သူမကို ငြိမ်သက်စွာ ကြည့်နေလိုက်သည် ။

အဘွားကုက အေးအေးဆေးပင်။"တကယ်လို့ သူ သာ မင်းအစ်ကိုနဲ့ အတူရှိချင်တယ် ဆိုရင် အဖွား ကန့်ကွက်မှာမဟုတ်ဘူး။ ငါအသက်၇၀ ကျော်ပြီမို့ ဘယ်လောက်မှ မနေရတော့ဘူး။ သူ့ကို ဂရုစိုက်ပါမယ်လို့ သူ့အဖိုးကို ကတိပေးခဲ့တယ်၊ ဒါကြောင့် အဖွား လုပ်ရမယ်။ ဒါပေမယ့် မင်းနဲ့ မင်းအစ်ကိုကလွဲရင် အဖွား တခြားဘယ်သူ့ကိုမှ မယုံဘူး၊ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် မင်းမဟုတ်ရင် မင်းအစ်ကိုကို သူနှင့်အတူ တစ်သက်လုံးရှိနိုင်ပေးမယ်လို့ မျှော်လင့်မိတယ်။ ရှောင်ကျို မင်းသဘောပေါက်တယ်မလား?"

ထိုစကားကိုကြားပြီးနောက် ကုကျိုစစ်ပြုံးလိုက်မိသည်။ "အဖွားသူ့ကိုတကယ်ဂရုစိုက်တာပဲ"

အဖွားကု : "မတတ်နိုင်ဘူးလေ။ သူ့မှာ အဖွားတို့ပဲ အားကိုးစရာရှိတာ။"

"အင်း။" ကုကျိုစစ် ခေါင်းညိတ်လိုက်သည်။ "အဖွားက သူ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ သူ့နေရာက ဝင်ခံစားပေးတယ် ။ သူကကျွန်တော့ကို ကြိုက် တယ် အဲ့တော့ ကျွန်တော် ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ကိုလက်ထပ်ရမယ်။"

"သူ့အဖိုးက နေမကောင်းဖြစ်ပြီး သူတို့မိသားစုက ကျွန်တော်တို့အပေါ် ကောင်းခဲ့တယ်။ အဲ့တော့ကျွန် တော်သဘောတူတူမတူတူ ရုပ်ရှင်ရိုက်နေတုန်းကြီး ခက်ခဲတဲ့ အလုပ်တွေကို အကုန်ထားခဲ့ရပြီး မချစ်တဲ့သူနဲ့ သူ့အဘိုးရှေ့မှာစေ့စပ်ရတယ်"

"အခုတော့ သူ ကျွန်တော့ကို မကြိုက်တော့ဘူး ။အဲ့တော့ အမှိုက်လို လွှင့်ပစ်ခံရတယ်။ အဖွားအတွက် အခုထိ ကျွန်တော့ရဲ့သဘောတူချက် မလိုသလို ကျွန်တော့ ခံစားချက်ကိုလည်း ထည့်စဉ်းစားဖို့ မလိုခဲ့ပါဘူး။"

ကုကျိုစစ်ရယ်လိုက်သည်။ "ဒါဆို အစကနေ အဆုံးထိ ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာလဲ?။ ဒီတိုင်းဖြတ်လျှောက်တစ်ယောက်လား? သူကျွန်တော့်ကို ချစ်တယ်၊ အဲ့တော့ကျွန်တော်မှာ ခြွင်းချက်မရှိ သူနဲ့ အတူရှိနေဖို့ လိုတယ်။ သူကျွန်တော့ကိုမချစ်တော့ရင်တော့ ခြွင်းချက်မရှိ သူနဲ့ခွဲရမယ်။"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now