"သား မင်း ညက အိမ်ပြန်မအိပ်ဘူးလား "
အိမ်ပေါ်က ဆင်းလာတဲ့ သားဖြစ်သူကို ဧည့်ခန်းထဲမှာထိုင်နေပြီး စိန်စစ်နေတဲ့ ဆန်ဂျူမေးလိုက်သည်။
ဝတ်စားထားပုံအရ ကားရှိုးကို သွားမည့်ပုံပင်။ ကားရှိုးရဲ့နာမည်ကိုလည်း K.T.H လို့ပေးထားသည်ကို ဆန်ဂျူမကြိုက်သဖြင့် သားကို ပြန်ပြောင်းဖို့ ပြောဖူးသည်။ သားက လုံးဝလက်မခံပေ ။
သားက ဆန်ဂျုနဲ့ တူသည်မို့ လိုချင်တာကို မရရအောင်ယူတက်သည်။ တစ်ယူသန်သည်။သူလုပ်သည့်အလုပ်ကို ဖျက်လို့ဖျက်စီးလုပ်တာကို လုံးဝမကြိုက်ပေ ။တစ်ခါတလေးကြတော့လည်း သားကို ဖအေဖြစ်သူနဲ့သာ တူစေချင်သည်။
ဒါမှမဟုတ်အလိုလိုက်ခဲ့သည့် မိမိကိုယ်ကိုဘဲ အပြစ်တင်ရမလား ??
"ကိုယ် ညက အိမ်သေးလေးမှာ အိပ်လိုက်တာ"
ဆိုဖာပေါ်ထိုင်ချခါ မာမီကိုအမှန်တိုင်းသာ ဂျောင်ကုပြောလိုက်သည်။ သူဘယ်တော့မှ မာမီ ကို သူမလိမ်ပါ ဒါဟာ မာမီနဲ့ သူနဲ့ ထားတဲ့ စည်းကမ်းဖြစ်သည်။
" အဲ့အိမ်က ငှားထားတယ်ဆို "
"ဟုတ်တယ် ဒါပေမဲ့ ကိုယ် ဆောက်ထားတဲ့ အိမ်ဆိုတော့ ကိုယ်နဲ့လည်း ဆိုင်တယ်လေ ဒါကြောင့် သွားအိပ်တာ"
"အိမ်ငှားလူတွေကရောခွင့်ပြုလား?? "
"မခွင့်ပြုဘူး "
"အဲ့ဆို မသွားနဲ့လေ သားရယ် "
"ကိုယ် သွားမယ်လို့ ပြောပြီးပြီလေ မာမီ ဒယ်ဒီသာ ကိုယ့်ကို တိုင်ပင်ခဲ့ရင် ခုလို ဖြစ်မှာမဟုတ်ဘူး မာမီ "
အနည်းငယ် မာထန်လာသော သားအသံကြောင့် ဆန်ဂျူ သူ့သားအကြောင်း သူသာအသိဆုံးမို့ လက်လျော့ဖို့သာ စဉ်းစားလိုက်၏။
(အသံကို ပြန်လျော့ခါ)
"သားသဘောပါ ပြောမရလဲ "
"အဲ့ဆို ကိုယ်သွားတော့မယ် "
"ဂရုစိုက်သွားသား "
"အွန်း !"
ထွက်သွားတဲ့ သားဖြစ်သူကို ကြည့်ခါ သူရင်ထဲ နာကျင်မိသည်။
YOU ARE READING
1 Million [ 1 မီလီလျံ ] {Complete}
ActionJk - Possessive type #Warning Cv_ Pinterest