သူက လှည့်ပြီး ထန်းဇီယုကို ဆွဲခေါ်ကာ တံခါးကနေထွက်သွားလိုက်၏။ ကုကျိုစစ် ထို နှစ်ယောက်သား နောက်ကျောကို ကြည့်ရင်း လက်သီးများကို တိတ်တဆိတ် ဆုပ်ထားမိလိုက်သည်။

ထန်းဇီယုသည် ကုကျိုရှင်း နဲ့အတူ ဓာတ်လှေကားထဲသို့ တလျှောက်လုံး တိတ်ဆိတ်စွာ လိုက်ပါသွားပြီး ဓာတ်လှေကား ဆင်းလာချိန်အထိ သူ ကဘာမှမပြောပေ။ "ကျွန်တော် ဘေလ်မရှင်းရသေးဘူး"

"အစ်ကိုရှင်းပြီးသွားပြီ"

"ဒါပေမယ် အခုတစ်ခေါက်က ကျွန်တော်ဝယ်ကျွေးရမှာလေ"

"ဒါဆို ​နောက်​တစ်​ခါထပ်​စားကြတာပေါ့​"  ကုကျိုရှင်းက တိုးတိုးလေးပြောသည်။

ထန်းဇီယု ထိုစကားကိုကြားပြီး ဘာပြန်ပြောရမှန်းမသိတော့ ခေါင်းသာငြိမ့်လိုက်သည်။

သူစကားမပြောတော့တာကိုတွေ့တော့ ကုကျိုရှင်းက:  "ရှောင်ကျို အစ်ကို့နောက်ကနေလိုက်လာတာဖြစ်မယ်၊ မင်းကိုဒုက္ခဖြစ်စေမိပြီ၊ ဆောရီးနော်"

ထန်းဇီယုကခေါင်းခါပြလိုက်တယ်။ "ရပါတယ်"

"အိမ်ရောက်ရင် သူ့ကိုကောင်းကောင်းဆူလိုက်မယ်။"  ကုကျိုရှင်း ပြောလာတော့

ထန်းဇီယုက ခေါင်းညိတ်ပြပြီး စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

ကုကျိုရှင်းက ကားမောင်းပြီး ထန်းဇီယု ကို အိမ်ပြန်လိုက်ပို့ပေး၏။

"အစ်ကိုအိမ်ထဲဝင်အုံးမလား" ထန်းဇီယု ယဉ်ကျေးသည့်အပြုအမူအနေနဲ့ မေးလိုက်တော့

"ကောင်းပြီလေ။" သူက ကားထဲက ဆင်းကာ ထန်းဇီယုရဲ့ အိမ်ထဲလိုက်ဝင်လာသည်။

"ဘယ်တုန်းက ပြန်ပြောင်းလာတာလဲ?"

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က။"  ထန်းဇီယုရေတစ်ခွက်ကိုယူကာ သူ့ဆီ ပေးလိုက်တော့

ကုကျိုရှင်းရေခွက်ကိုယူလိုက်ကာ  တစ်ငုံသောက် လိုက်ပြီး တောက်ပြောင်သန့်ရှင်းနေသည့် ဧည့်ခန်းကို ကြည့်လိုက်သည်။ သူက စိတ်ရင်းနဲ့ ပြောလာတယ်။ "အစ်ကို ဒီကို မရောက်တာတောင်ကြာပြီ။  ဒီကိုလာတဲ့နောက်ဆုံးအကြိမ်ကမင်းနဲ့ ရှောင်ကျို အတူမနေခင်ကဖြစ်မယ်။လအနည်းငယ်အတွင်းမှာ မင်းတို့နှစ်ယောက် လမ်းခွဲမယ်လို့ မထင်ခဲ့ဘူး"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now