11( Zawgyi)

6.7K 372 7
                                    

"ဟုတ်တယ်။"  ထန်းဇီယု ပြန်ပြောလိုက်တာ
နဲ့

ခဏအကြာတွင် ကုကျိုစစ်က သူ့ကိုပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။

"မရဘူး။"  ကုကျိုစစ် က ပြန်ပြောလေသည်။

"မင်းက ဘာမို့လို့လဲ?"  ထန်းဇီယု သူ့ကို ပြန်မေးလိုက်တယ်။

ကုကျိုစစ်: "ငါကမင်းနဲ့ စေ့စပ်ထားတဲ့သူ"

"အခုမဟုတ်တော့ဘူးလေ။"

"လက်ထပ်စာချုပ်ကို ဖျက်သိမ်းဖို့ ငါသဘောမတူထားဘူး အဲ့တော့ ငါတို့ရဲ့ဆက်ဆံရေးက အရင်အတိုင်းဘဲ!"

ထန်းဇီယု ထိုသူ့မျက်လုံးထဲမှ ခေါင်းမာမှုကိုကြည့်လိုက်သည် ။  သူခဏလောက်တော့ ဒေါသဖြစ်သွားတယ်။  သူကုကျိုစစ်ကိုချစ်တုန်းက  ထိုသူကသူ့စိတ်ခံစားချက်တွေကို ဂရုမစိုက်ခဲ့ဘူး။  အခုထိလည်းမချစ်ခဲ့သလို အခုထိလည်းသူ့ခံစားချက်တွေကိုဂရုမစိုက်ဘူး။

ကုကျိုစစ် အတွက်တော့ သူ့(ထန်းဇီယု)ရဲ့ စိတ်ခံစားချက်တွေ က ဘယ်လိုဖြစ်နေလဲ ပျော်နေလား ဝမ်းနည်းနေလား ဆိုတာ သူ့ရဲ့အတွေးထဲမှာရှိမနေခဲ့ဘူး။

သူကအမြဲ  သူ့ရဲ့စိတ်ကြိုက်အတိုင်း လုပ်နေခဲ့ပြီး သူ့(ထန်းဇီယု)ရဲ့အတွေးတွေကိုဘယ်တော့မှဂရုမစိုက်ခဲ့ဘူး။

ကြည့်ရတာ ထိုသူရဲ့ရင်ထဲမှာ သူကဘယ်တော့မှ လေးစားမှုနှင့် နားလည်မှုကို ခံထိုက်သူမဟုတ်ခဲ့တဲ့ပုံပဲ။

သူက သူ့လက်ကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး ကုကျိုစစ်ရဲ့ ဆုပ်ကိုင်မှုကနေ ရုန်းဖို့ ကြိုးစားလိုက်သည်။

ကုကျိုစစ် ဒေါသထွက်နေတော့ မသိစိတ်ကနေသူ့ခွန်အား အားနည်းသွားသည်။  ထန်းဇီယုက သူ့ကိုဆုပ်ကိုင်ထားတာလျော့သွားတော့ အခွင့်ကောင်းယူပြီး သူ့ဆီကနေ ရုန်းထွက်လိုက်၏။

ကုကျိုစစ် သူ့ကို တားချင်သေးပေမယ့် ကုကျိုရှင်းက သူ့ကို အရင် တားလာလေသည်။

ကုကျိုရှင်းကထန်းဇီယုကို ဆွဲခေါ်လိုက်ပြီး သူ့နောက်မှာထားလိုက်ကာ အေးသက်စက်ပြောလာတယ်။ "တော်သင့်ပြီ"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now