ရှောင်းကျန့်တစ်ယောက် ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ပေ။သူ့ကိုယ်သူတောင်မယုံနိုင်သေးပေ။ဘာပဲဖြစ်ဖြစ် သူ ဆန်းစစ်ရမယ်။၀မ်ရိပေါ်ကို တကယ်ချစ်မချစ်ပေါ့။တကယ်လို့ သူချစ်နေခဲ့ရင်လဲ ဘယ်အရာကမှမထိခိုက်နိုင်အောင် ၀မ်ရိပေါ်ကိုဂရုစိုက်ပေးမည်။ပျော်အောင်ထားမည်။သူ့အနားမှာရှိနေတုန်းပေါ့။ဖွင့်ပြောဖို့ကြတော့ သူ့လိုအသက်ကြီးနေတဲ့သူကို ၀မ်ရိပေါ်က သဘောကျမှာတဲ့လား။ပြီးတော့ ယောကျာ်းတစ်ယောက်ကိုလေ။ဒီတော့ ဒီအတိုင်းပဲနေလိုက်မယ်။ရှောင်းကျန့်လဲ စဉ်းစားပြီးတာနဲ့ ၀မ်ရိပေါ်ကို ဖုန်းခေါ်လိုက်သည်။
"ဟဲလို ဦးငယ်လေး"
"အင်း ရိပေါ် ကိုယ်အပန်းဖြေစံအိမ်ဘက်ကိုသွားမလို့ လိုက်ခဲ့မလား"
"လိုက်ခဲ့မယ်လေ ပျင်းနေတာနဲ့အတော်ပဲ"
"အင်း အိမ်မှာပဲစောင့်နေ ကိုယ်လာခေါ်မယ်"
"ဟုတ်"
၀မ်ရိပေါ်စောင့်နေပြီး အတန်ကြာတော့ ရှောင်းကျန့်ကရောက်လာသည်။
"ဦးငယ်လေး"
"အင်း ကိုယ်အ၀တ်စားလဲလိုက်ဦးမယ်"
"ဟုတ်"
ရှောင်းကျန့်လဲ ခုမှ ၀မ်ရိပေါ်ကိုကြည့်မိတယ်။နားဘယ်ဘက်မှာ နားဆွဲလေးနဲ့ပင်။ရှောင်းကျန့်လဲ အပေါ်တက်မလို့လုပ်နေရင်းနဲ့
"ရိပေါ်"
"ဗျာ ဦးငယ်လေး"
"နားဖောက်ထားတာလား"
"ဟီး ဟုတ် အဲ ဖောက်ထားတာကြာလှပြီ မ၀တ်ဖြစ်တာ ခုမှ၀တ်တာ ဦးငယ်လေးမကြိုက်လို့လားဟင်"
"ကြိုက်ပါတယ် လိုက်တယ်"
"ဟုတ်"
ရှောင်းကျန့်လဲ အ၀တ်လဲခန်းထဲသွားပြီး အ၀တ်စားတွေရွေးနေတုန်း သူ့မျက်လုံးထဲကို ၀င်လာတာက အံဆွဲတစ်ခု။ဒီအံဆွဲထဲကို သူမကြည့်ရသေးပေ။မကြည့်ရသေးဆို သူလဲ အ၀တ်လဲပြီး တန်းထွက်တာဆိုတော့ ဘာကိုမှကြည့်မနေ။ခုတော့ ဒီအံဆွဲက သူ့မျက်စိထဲကို ၀င်ရောက်လာသည်။မသိစိတ်ကလဲ ထိုအံဆွဲကိုဖွင့်ဖို့ လှုံ့ဆော်နေသည်။သူလဲ အနားသွားပြီးဖွင့်ကြည့်လိုက်တော့ အံ့ဩသွားသည်။ဘာလို့ဆို အထဲမှာရှိနေတာတွေ အကုန်လုံးက နားဆွဲ နားကပ်တွေချည်းပင်။ပုံစံတွေကလဲ အမျိုးမျိုးပင်။ဒါတွေက ဘာလို့ သူ့ဆီမှာရှိနေရတာလဲ။သူလဲမ၀တ်ပါဘူး။ဘယ်လိုဖြစ်တာပါလိမ့်။သူစဉ်းစားကြည့်ပေမယ့် ပေါ်မလာပေ။
Part14
Start from the beginning