1.2

21.6K 2.6K 40
                                    

Unicode

ဒီလိုနည်းလမ်းကပဲ ကုကျိုးစစ်က အနာဂတ်မှာ တခြားသူတွေလိုပဲ သူသိခဲ့ဖူးတဲ့ လူတစ်
ယောက်သာဖြစ်လာလိမ့်မယ်။

ကားက အလွန်လျင်မြန်စွာ မောင်းနှင်းလာကာ
တစ်နာရီအတွင်း ထန်းဇီယု အိမ်သို့ရောက်လာလေသည်။

ဒီအိမ်လေးကသူနဲ့ အဖိုးအသက်ရှိစဉ်တုန်းကနေခဲ့တဲ့အိမ်လေးဖြစ်တယ်။

နောက်ပိုင်းမှာအဖိုးထွက်သွားတော့ ထန်းဇီယုလည်း ကုကျိုးစစ်အိမ်သို့ ပြောင်းသွားခဲ့တယ်။

ထိုအချိန်တွေတုန်းကတော့ သူ့နှလုံးသားက ကုကျိုးစစ်ကို တောင့်တမှုတွေအပြည့်နဲ့ကြည့်ခဲ့တယ်။ သူအတွက်ကျန်ရစ်ခဲ့သော တစ်ဦးတည်းသော
ဆွေမျိုးဖြစ်ပြီး သူအားကိုးမှီခိုနိုင်မယ့် တစ်ဦး
တည်းသောသူဆိုပြီးတော့ပေါ့။

အရင်ကတော့ သူကုကျိုးစစ်နဲ့နီးစပ်ချင်ခဲ့တယ်။ သူ့ကိုပွေ့ဖက်ဖို့ ၊ ထမင်းတူတူစားဖို့ ၊ တီဗီတူတူ
ကြည့်ဖို့ သူနဲ့ စကားပြောပေးဖို့ ဆန္ဒရှိခဲ့တယ်။

ဒါပေမယ့် ကုကျိုးစစ်ကတော့ မလိုလားခဲ့ဘူး။ သူ့မှာပွဲတက်စရာတွေအများကြီး ရှိတယ်။ အလုပ်များနေခဲ့တယ်။ နောက်ဆုံး အနားယူတဲ့အချိန်တွေမှာတောင် သူ့သူငယ်ချင်းတွေနဲ့တွေ့ဖို့ အလုပ်များနေခဲ့တယ်။

သူအိမ်ပြန်ဖို့ ဘယ်တုန်းကမှ အလျင်မလိုခဲ့ဘူး။ ထန်းဇီယု ရှိတဲ့အိမ်ဆီ ပြန်လာဖို့ မလွယ်ကူခဲ့ဘူး။

ထန်းဇီယုက သူ့ကို "မင်းမြန်မြန်ပြန်လာလို့ရနိုင်မလား။ ဒါမှမဟုတ် မင်းသူငယ်ချင်းတွေနဲ့တွေ့ရင်လဲငါလိုက်ခဲ့မယ်လေ" လို့ပြောရင်လည်း

ကုကျိုးစစ်ကငြင်းခဲ့တယ် ။သူကတစ်ခွန်းတည်းသာ ပြန်ပြောခဲ့တယ် "မလိုဘူး။"

ထန်းဇီယု ယခင်ဘဝက သူ့ကိုစောင့်မျှော်နေဖို့ ဆန္ဒရှိခဲ့တယ်။ ရိုးသားခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့လဲ သူအမြဲယုံကြည်ခဲ့တယ်။ ကုကျိုးစစ်ကို သူကြိုက်နေသရွေ့ ကုကျိုးစစ်က
လည်း သူ့ကိုပြန်ကြိုက်လာမယ်လို့သူယုံကြည်ခဲ့
တယ်။

ဒါပေမယ့် ဒီဘဝမှာတော့ ဒါတွေမလိုအပ်ဘူးလို့ ထန်းဇီယု ခံစားရတယ်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now