.
.
.
.
Jennie တစ်ယောက်အလုပ်စရန်
uniform လဲပီးပီချင်းမှာဘဲ
ကြားနေရတဲ့ ဆူညံသံတွေကြောင့် ဆိုင်ရှေ့ကိုထွက်လာကြည့်မိတယ်..ဆိုင်ရှင်မိန်းမက
ထုံးစံအတိုင်း အာဏာပြနေလိုက်တာ Customerအရှေ့တောင်မရှောင်ဘူး..Jennie ရဲ့အကျင့်အရ အနိုင်ကျင့်တာမျိုးကို လက်ပိုက်ကြည့်မနေနိုင်ပါ.. နေရာတကာပါလွန်းလို့လဲ အရင်အလုပ်တွေက ပြုတ်ရတာမနည်း..
ဒီတစ်ခါတော့ မသိချင်ယောင်ဆောင်ဖို့ကြိုးစားရမည် အလုပ်သစ်ပြန်ရှာရန် ကျောင်းတစ်ဖက်နဲ့
သူမမှာအချိန်မရှိပါအလုပ်စရန်ပြင်လိုက်ပီးတော့မှ
Customerတွေကို သတိထားမိတယ်
ရွှေအိုရောင်ဆံပင်နဲ့ ကောင်မလေး၂ယောက်
ပီးတော့ ဟိုအမျိုးသမီးလေး.....အဖြစ်အပျက်အကုန်လုံးကို Counter နောက်ကနေ ရပ်ကြည့်နေမိတယ်..Customers အများစုဟာ
သူတို့ Compensation ရဖို့အားသန်ကျသလို
Complaints တက်တဲ့သူများသလောက်
အဆိုပါ ကောင်မလေးကတော့
ကပ်ကပ်လန်ပြန်ရန်တွေ့လို့ waiter ကိုကာကွယ်ပေးနေလေရဲ့....
ဘယ်လောက်တောင်သဘောကျစရာကောင်းလိုက်သလဲ....
Jennie တယောက် သူမကိုယ်သူမတောင်
သတိမထားမိဘဲစိတ်ပါလက်ပါပြုံးနေမိတယ်.."Jennie Kim shii ဘာတွေသဘောကျနေလဲ"
Counter ကနေ စပ်ဖြီးဖြီးနဲ့
လှမ်းမေးလိုက်တဲ့ Kyungsoo စကားကြောင့် အရူးတစ်ယောက်လို ပြုံးနေတာသတိထားမိတော့တယ်.."Shut up"
Kyungsoo ဆီကဆက်ထွက်လာမယ့် စကားတွေကို သိနေတာကြောင့် အရင်ဆုံး ပိတ်ပြောပစ်လိုက်တယ်...
"အဟား Jennie Kim တို့ရှက်သွားတာ ခုမှဘဲတွေ့ဖူးတော့တယ်"
"နင်ဆက်ပြောနေမယ်ဆိုရင် မနက်ဖြန်အတွက် ငါ duty လဲမပေးဘူးနော်"
"အယ်.. အဲ့လိုတော့မလုပ်ပါနဲ့ မပြောတော့ဘူးး."
ဆိုင်ပိုင်ရှင်ကို သဘောမကျပေမယ့်
လုပ်ဖော်ကိုင်ဖက်တွေကြောင့် ဒီနေရာမှာ
အလုပ်ဆက်လုပ်ဖြစ်နေတယ်ပြောရမလား..
အပေါင်းအသင်းဆိုလို့
Jisoo တစ်ယောက်သာရှိသော Jennie အတွက် Kyungsoo ဟာ အလုပ်ခွင်ထဲမှာတော့ ပြောလို့ဆိုလို့ အဆင်ပြေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပေါ့..
သူမ လိုဘဲ Kyungsoo ဟာ အချိန်ပိုင်းအလုပ်လုပ်ပြီး ကျောင်းတတ်နေရသူပါ.. ပီးတော့မိဘတွေလည်းမရှိတော့ဘူး..
.
.
YOU ARE READING
I have nothing, but LOVE for you
Fanfictionလောကကြီးတစ်ခုလုံးနဲ့ ဆန့်ကျင်နေရင်တောင် နင်ကတော့ ငါ့ဘက်မှာရှိနေပေးမယ်မလား.... Nothing but Chaennie <3