စေ့စပ်ထားတာကိုဖျက်ဖို့ ကိုယ်သဘောမတူဘူး။
...........................................................စိတ်ဝင်စားစရာပင်။ ယခုတစ်ကြိမ်က သူတို့ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။ သို့မဟုတ် လင်းကျန်က သူမည်သူဖြစ်ကြောင်းကို ကြိုတင်ခန့်မှန်းမိထားသည်လား။
သူမည်သူဖြစ်ကြောင်းက လင်းကျန် ရန်လိုနေရသည့်အကြောင်းရင်း မဟုတ်လျှင် ဖြစ်နိုင်သည့်တစ်ခုတည်းသောအကြောင်းပြချက်မှာ သူတို့စေ့စပ်ထားမှုပင်။
သူ မသိသော ကိစ္စများရှိပုံပေါ်သည်။ သူက ထန်းယန်တွင်ရောက်နေပြီဖြစ်ရာ အရာအားလုံးကို အဖြေရှာရမည်။
"စစ်သူကြီးခင်ဗျ၊ ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ။" ဝတ်စုံအမည်းရောင်နှင့်လူများ၏ခေါင်းဆောင်က ပြောသည်။
လင်းကျန်အား ယွီဝမ်ထုန်ကြည့်လိုက်သောအခါ သူ၏'စစ်သူကြီး'ဟူသော ရာထူးအပေါ် ဘာမှမတုန့်ပြန်သည်ကို သတိထားမိသည်။ လင်းကျန်က သူမည်သူဖြစ်ကြောင်းကို ခန့်မှန်းမိပြီးပြီမှန်း သူသိလိုက်သည်။
"သူတို့က ဒီလိုဘာကြောင့် လုပ်ရသလဲဆိုတာ မေးပြီး ဒီနေ့ကိစ္စနဲ့ပက်သက်လို့ ပါးစပ်ပိတ်ထားဖို့ မှာလိုက်။" ယွီဝမ်ထုန်ကပြောသည်။
"ဟုတ်ကဲ့ပါ၊ စစ်သူကြီး။" ထိုလူက နောက်ပြန်လှည့်ကာ ဒူးထောက်နေသော ကင်းလှည့်သမားများထံ လျှောက်သွားသည်။
လင်းကျန်က အမည်းရောင်ဝတ်စုံနှင့်လူများထံတွင် ပြန်အမေးခံနေရသော စစ်သားများအား ကြည့်လိုက်သည်။ စစ်သားများမှာ မိနစ်အနည်းငယ်မျှနှင့် ဝန်ခံကြသည်။ ထို့နောက် သူတို့တစ်ဦးချင်းစီက ကြောက်မက်ဖွယ်ရာတစ်စုံတစ်ခုအား တွေ့လိုက်ရသကဲ့သို့ ဖြူဖျော့သွားကြသည်။
"စစ်သူကြီးခင်ဗျ၊ ဒီလူတွေက ကျန်ချောင်းရဲ့အမိန့်အရ လုပ်ကြတာပါ။ ကျန်ချောင်းက စိုက်ခင်းဆီ သခင်လေးလင်း ရောက်လာတာကိုသိပြီး သခင်လေးလင်းကို နယ်စောင့်တပ်စခန်းဆီ ဖိအားပေးပြီးခေါ်လာဖို့ ဒီလူတွေကိုအမိန့်ပေးလိုက်တာပါ။"
လင်းကျန်က ကျန်ချောင်း၏ အကြံအစည်ကို ခန့်မှန်းမိပြီးဖြစ်သော်လည်း လက်သီးကျစ်ကျစ်ဆုပ်မိသည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Historical Fictionစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...