Chapter-29

2.3K 105 4
                                    

(Uni)
နွယ်...(Episode-29)

"ကယေးယေး...မီးမီးကြောမယ်"

"ပြောလေ မီးမီးလေးရဲ့"

"မီးမီးက...မီးမီးက ကယေးယေးကိိုတိုးတိုးယေးကြောချင်ရာ"

"ပြောစေဗျာ...ပြောပြော"
မီးမီးလေးစိတ်တိုင်းကျ ခေါင်းငုံ့၍နားကိုမီးမီးလေးအနားတိုးကပ်ပေးတော့ သူ့ဖေဖေကိုတစ်ချက်ကြည့်လိုက်လေ၍ သခင်ကရယ်လေသည်

သေချာပေါက်သူ့အကြောင်းပြောတော့မှာမို့ဖြစ်၏...ကေလးဆိုတာ ဟန်ဆောင်မှုသိပ်ကင်းစင်ပြီးဖြူစင်ကြ၍ အပြုအမူတိုင်းက ခ်စ္စရာအတိ

သခင်လည်း နွယ့်ကိုကပ်လွန်းသော ချစ်သမီးလေးကိုပြုံးကြည့်၍ အခြေအနေစောင့်ကြည့်နေလိုက်လေသည်

"ဖေဖေကြားပွားမှာချိုးယို့..."

"ဖေဖေကမကြားပါဘူး မီးမီးလေးရဲ့
နွယ့်ကိုတိုးတိုးလေးပြော"
နွယ်လည်း မီးမီးလေးစိတ်တိုင်းကျ လေသံလေးတိုးပြောပေးပြီး အလိုလိုက်မိလိုက််တော့ လက်ဖဝါးဖောင်းဖောင်းကလေးနှစ်ဖက်ကို နွယ့်နားလေးနားတိုး၍ချီအုပ်ပြီးတော့

"ဖေဖေ့...ဖေဖေ့ဖင်ချူယို့"

"ဟင်..."

"ဖင်ချူယို့..."

"ဖင်ဖြူတယ် ပြောတာလား ဟုတ္လား မီးမီးလေး"

"ဟုတ်ရယ်...ဖေဖေ့ဖင်မှာ ချူး...နေပေါ့
ညေဂျူပေရာနေမှာ"

"အဟင်းဟင်း...နွယ်ပြောပြလိုက်ရမလား ဖေဖေ့ကို"

"အွန်း...ကြောကျရိုက်...မီးမီးကြောတာယို့ မကြောနဲ့နော
မီးမီးကေဖေဖ့ဝို ချိတ်ကောက်နေယို့ ကြောရာဝိုမတိဂျေချင်ဝူး"

"နွယ်ပြောပြလိုက်မယ်နော
မဟုတ်ရင်ဖေဖေ့ဖင်မှာ မြေဖြူတွေနဲ့ဖြစ်နေလိမ့်မယ်"

"အွန်း..."
သခင်ကကျောင်းစိမ်းကျောင်းဖြူမလဲရသေး၍ ကျောင်းစိမ်းပုဆိုး၏ညာဘက်တင်ပါးနှင့်ပေါင်တံတလျှောက်မှာ မြေဖြူတွေပေနေလေသည်

နွယ်တောင်မကြည့်မိတာကို မီးမီးလေးကသိတော့ ပြောချင်ပေမယ့် သူ့ဖေဖေကိုက သူကကိုယ်တိုင်စကားမပြောချင်၍ နွယ့်ကိုလာပြောပြခြင်းဖြစ်သည်

🥀နွယ်....(Completed)Where stories live. Discover now