သခင်လေးကတော့ ပျော်သွားမှာပဲ။
............................................တစ်ချိန်ထဲမှာပင် လျန်တန်မြို့၌
"ဒီစာထဲမှာ ဘာပါတယ်ဆိုတာ လူကြီးမင်းလင်းက မင်းကိုမပြောလိုက်ဘူးလား။"
"စစ်သူကြီးခင်ဗျ၊ ဒီအစေခံက သခင်ကြီးရဲ့အမိန့်အတိုင်း ဒီစာကို စစ်သူကြီးရဲ့အိမ်ကလူတွေဆီ လာပို့တာပါ။ ဒီစာထဲမှာ ဘာပါတယ်ဆိုတာကိုတော့ ဒီအစေခံ လုံးဝမသိပါဘူး။"
သူ ဤစာကိုဖတ်ထားသည်ဟု ယွီဝမ်ထုန်သံသယဝင်မည်အား အိမ်တော်ထိန်းစိုးရိမ်သဖြင့် မြန်မြန်ရှင်းပြလိုက်သည်။
ယွီဝမ်ထုန်က စာကို ပြန်သိမ်းကာ လက်အောက်တွင် ဖိထားလိုက်သည်။ ထို့နောက် သူကအိမ်တော်ထိန်းအား ပဟေဠိဖြစ်ဖွယ် မေးခွန်းတစ်ခု မေးလိုက်သည်။ "မင်းရဲ့ သခင်လေးဆီမှာ ချစ်မြတ်နိုးရတဲ့လူ ရှိပြီလား။"
အိမ်တော်ထိန်း၏ စိတ်မှာ အခိုက်အတန့်မျှ ဗလာဖြစ်သွားသည်။ "အာ... မရှိပါဘူး ခင်ဗျ။"
"လက်ထပ်ဖို့အတွက် သင့်တော်တဲ့မိသားစု တစ်ခုခုကောရှိပြီလား။" ယွီဝမ်ထုန်က ထပ်မေးပြန်သည်။
အိမ်တော်ထိန်းက ဇဝေဇဝါဖြစ်နေဆဲပင်။ "မရှိပါဘူး။ ကျွန်တော်တို့သခင်လေး လက်ထပ်ဖို့က အတည်တကျမဖြစ်သေးပါဘူး။ ကျွန်တော့်ရဲ့သခင်ကြီးနဲ့ ဒုသခင်ကြီးတို့က သခင်လေးကို မစေ့စပ်ပေးထားသလို သခင်လေးကလည်း ဘယ်သူ့ကိုမှ မချစ်ကြိုက်သေးပါဘူး။"
'ချစ်သူလည်း မရှိဘူး။ လက်ထပ်ရမဲ့ မိသားစုလည်း မရှိဘူး။ ဒါဆို လင်းမိသားစုက စေ့စပ်ပွဲကို ဘာကြောင့်ရုတ်တရက် ဖျက်သိမ်းချင်နေရတာလဲ။' ယွီဝမ်ထုန်က လက်အောက်မှ စာကိုကြည့်ကာ အတွေးလွန်နေသည်။
ယနေ့မတိုင်ခင်တွင် သူ့အဖိုးကို လင်းရှင်းကျုံက ကယ်ခဲ့သည်ဟုသာ သိခဲ့သော်လည်း သူ့အဖိုးသည် လင်းမိသားစုနှင့် စေ့စပ်မှုတစ်ခုကိုပင် စီစဉ်ခဲ့သည်ဟု သူမသိခဲ့ပေ။ မည်သို့ပင်ဆိုစေ သူ့အဖိုးက စစ်ပွဲအတွင်း၌ ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားသည်။ 'အဖိုးက သူ့ကိုစေ့စပ်ထားတဲ့အကြောင်း မပြောရသေးခင် ကွယ်လွန်သွားတာများလာ။'
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Historical Fictionစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...