On Valentine's Day
Valentine Day ဖြစ်တာကြောင့် ကျိုးချန် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ကော်ဖီဆိုင်လေးမှာ စုံတွဲများနဲ့ ပြည့်နှက်နေသည်။ အလုပ်များတဲ့နေ့ဖြစ်တာကြောင့် ကျိုးချန်တို့အချိန်ပိုင်းအလုပ်သမားတွေသာမက ဆိုင်ပိုင်ရှင် အစ်ကိုပါ အလုပ်များနေကြသည်။ အလုပ်များတဲ့နေ့တွေဆိုရင် ရစ်တတ်တဲ့ customer တွေနဲ့ မတွေ့ဖို့ ဆုတောင်းတတ်ပေမယ့် ဒီနေ့ကတော့ ကျိုးချန် ဆုတောင်းမပြည့်ပါ။ အသည်းဘဲကွဲနေတာလား တစ်ကိုယ်တည်းဖြစ်လို့ ပြဿနာမရှိ ပြဿနာရှာတာလား မသဲကွဲတဲ့ customer တစ်ယောက်က ကျိုးချန်ကို အတင်းပြဿနာရှာရင်း လက်ထဲကရေနွေးပူနဲ့ပါ ပက်လာသည်။
" အာ့ "
" မင်းတို့ ဆိုင်မန်နေဂျာ ဘယ်မှာလဲ အခုချက်ချင်း ခေါ်စမ်း "
ကျိုးချန်နဲ့အတူ အတူအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်သမားလေးတွေက ဝင်တားကြပေမယ့် customer ကတော့ ပြဿနာ ရှာနေဆဲပင်။
" အခုချက်ချင်း မတောင်းပန်ရင် ရဲခေါ်ရလိမ့်မယ် "
လူအုပ်ကြားက ထွက်လာတဲ့ အေးစက်စက် အသံတစ်ခု။
" ကြားလား ကောင်လေး ရဲစခန်းမရောက်ချင်ရင် အခုချက်ချင်း တောင်းပန် "
" ခင်ဗျား နားလေးနေလား... ကျုပ်ပြောနေတာ ခင်ဗျားကို "
" ဘာ !!! "
ကျိုးချန်ကို ပြဿနာရှာနေတဲ့ လူကြီးကတော့ ခုနကက အေးစက်စက် အသံပိုင်ရှင်ကို ဒေါသထွက်ကာ အော်ဟစ်လိုက်ပေမယ့် အသံပိုင်ရှင်ကတော့ ခပ်မဲ့မဲ့အပြုံးတစ်ခုသာ ချိတ်ဆွဲထားသည်။ ကျိုးချန်အပူလောင်နေတဲ့လက်ကို အသာထားရင်း အခြေအနေတွေကို ကြည့်နေမိသည်။ သူ့ဘဝမှာ တစ်ခါမှ သူစိမ်းတစ်ယောက်စီက အခုလို ကာကွယ်ပေးမှုမျိုး မကြုံခဲ့ရ။
" ကျုပ်စကားကို အများကြီးမပြောတတ်ဘူး ခင်ဗျား ဘာလုပ်လိုက်တယ်ဆိုတာ ခင်ဗျားသိတယ် ရဲမခေါ်ရသေးခင် အရင်ဆုံး တောင်းပန်လိုက် "
တည်ကြည်တဲ့ မျက်နှာချောချောက အံကြိတ်ပြီး သတိပေးစကားကို ပြောနေပုံက ဘေးလူတွေကိုပါ ကြက်သီးတဖြန်းဖြန်း ထစေတဲ့အထိ သြဇာသက်ရောက်သည်။
YOU ARE READING
Valentine with You {One Shot}
Romanceအပြင်ထွက်ရတာကို မနှစ်သက်တဲ့ လျိုဟွိုက်ခွမ်းတစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ဆွဲခေါ်လာမှုကြောင့် Valentine Day လေးမှာတော့ အပြင်ထွက်ဖြစ်ခဲ့တယ်။ အသက် ၃၀ နားကပ်လာမှ တွေ့လိုက်ရတဲ့အချစ်က တိုက်တိုက်ဆိုင်ဆိုင် ချစ်သူများနေ့မှာမှ ဖြစ်နေသောအခါ....