ဓားပြများနှင့် ပက်ပင်းကြုံခြင်း
.......................................အရှေ့နှင့်အနောက်တွင် မြင်းစီးအစောင့်လေးယောက်နှင့် သာမန်ရထားလုံးတစ်ခုက ဝါးတောထဲဖြတ်လာသည်။ လမ်းကရွှံ့ထူကာ ကောင်းကင်မှ မိုးဖွဲဖွဲရွာနေသည်။ မိုးက မသည်းသော်လည်း ချမ်းစေသည်။
အစောင့်လေးယောက်နှင့် မြင်းလှည်းမောင်းသူတို့အားလုံးက အုန်းဆံမျှင် မိုးကာများဝတ်ဆင်ထားကြပြီး ခေါင်းပေါ်တွင် ကြီးမားသော ဝါးဦးထုပ်များ ဆောင်းထားကြသည်။ ထိုသို့ဝတ်ဆင်ထားလျှင်ပင် ၎င်းတို့က မိုးစက်မိုးပေါက်များထံမှသာ အကာအကွယ်ပေးနိုင်ပြီး အအေးဒဏ်ကိုမကာကွယ်ပေးပေ။
အစောင့်တစ်ယောက်က ရထားလုံးထဲမှလူအား အော်ပြောလိုက်သည်။ "ဦးလေးလီ၊ ရာသီဥတုက အရမ်းဆိုးနေတယ်။ မိုးပိုသည်းလာမှာကို ကျွန်တော်စိုးရိမ်တယ်။ အရင်ဆုံး နာဖို့နေရာတစ်ခု ရှာကြမလား။"
လင်းမိသားစု၏ အိမ်တော်ထိန်းလီကျန်းက ရထားလုံးလိုက်ကာကို မတင်လိုက်သည်။ "ကောင်းပြီလေ။ နားဖို့နေရာတစ်ခုကို အရင်ရှာရအောင်။ လူငယ်လေး၊ ဒီအနီးတစ်ဝိုက်မှာ ငါတို့မိုးခိုလို့ရမဲ့နေရာတစ်ခုခုကို သိလား။"
"ဝါးတောနဲ့ နောက်တောင်တစ်တောင်ကို ကျော်ပြီးရင် ကျွန်တော်တို့ လျန်တန်မြို့ကို ရောက်ပြီ။"
"ဒါဆို၊ မင်းရဲ့အစီအစဉ်အတိုင်း သွားကြမယ်။" အိမ်တော်ထိန်းကပြောသည်။
အစောင့်ဝမ်က ခေါင်းညှိတ်ကာ ကျန်လူသုံးယောက်အား အော်ပြောလိုက်သည်။ "မရပ်မနားသွားကြမယ် ညီအစ်ကိုတို့။ နည်းနည်းထပ်သွားပြီးရင် ငါတို့နားလို့ရပြီ။" ထို့နောက် အိမ်တော်ထိန်းက လိုက်ကာကိုချကာ ရထားလုံးထဲပြန်ဝင်သွားသည်။
"အိမ်တော်ထိန်းကြီး၊ ကျွန်တော်တို့ ခရီးဆက်လာတာ ခြောက်ရက်လောက်ရှိပြီ။ မြို့တော်ကိုရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ။" ထန်းယန်မှထွက်လာကတည်းက ရထားလုံးထဲလိုက်လာသည့် အစေခံ စတုန်းက မေးသည်။
"မကြာခင်ပေါ့။ ငါတို့ မြို့တော်ကို နောက်လေးရက်လောက်နေရင်ရောက်မယ်။" အိမ်တော်ထိန်းက ဖြေသည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Historical Fictionစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...