[8]

5.5K 838 13
                                    

[Unicode]

008:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေခြင်း (1)

တုရှီက လဲ့ယ်ထျဲရဲ့ ဘယ်ဘက်ကိုလိုက်လျှင် ချင်မျန်က လဲ့ယ်ထျဲရဲ့ ညာဘက်တွင်ပုန်းပြန်၏။ဝိညာဉ်စမ်းရေကို စတင်သောက်ပြီး​ကတည်းက သူ့ခန္ဓာကိုယ်က 80%အထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သန်မာလာရုံသာမက တုံ့ပြန်မှုနှုန်းလည်း မြင့်မားလာသည်။
အစကတည်းက လဲ့ယ်ချွင်း​ထောင်က အပြင်ကိုထွက်မကြည့်ဘဲ ပြတင်းပေါက်နားမှာ ရပ်နေခဲ့တာပဲ ဖြစ်သည်။ချင်မျန် လဲ့ယ်အိမ်သို့ရောက်ကတည်းက သူက အမြဲမှိုင်းထွေနေပြီး တိတ်ဆိတ်နေခဲ့သည်။ဒါဟာ သူ့ရဲ့ သွက်သွက်လက်လက်ရှိတဲ့ပုံမျိုးကို သူမ ပထမဆုံးတွေ့ဖူးခြင်းပါပဲ။အ​​မေ့ကို တမင်တကာ စ​နေတဲ့ပုံ​ပေါက်​နေတယ်။

တစ်ယောက်က လွယ်လွယ်နဲ့လွတ်သွားတာကို ကြည့်ပြီး နောက်တစ်ယောက်က အသက်မရှူတမ်း လိုက်ဖမ်းနေတာကို ကြည့်ရင်း သူမ ဒေါသမထွက်မိဘဲ ရယ်စရာကောင်းသလို ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရသည်။အမေကလည်း ချင်မျန်ကိုခက်ခဲအောင် အမြဲလုပ်ဖို့ ကြိုးစားခဲ့သည်။ယောကျ်ားလေး​ချွေးမတစ်ယောက်ရှိလို့ စိတ်မသက်မသာဖြစ်နေပေမယ့် ချင်မျန်က မိသားစုဝင်တစ်​ယောက်ဖြစ်နေပြီဖြစ်ပြီး ဗေဒင်ဆရာရဲ့စကားကြောင့် မထွက်ခွာနိုင်ခဲ့ပါဘူး။သူတို့သည် မိသားစုဖြစ်သောကြောင့် နေ့တိုင်းရန်ဖြစ်ခြင်းထက် သဟဇာတဖြစ်အောင်နေခြင်းက ပိုကောင်းတယ်မဟုတ်လား?

" ရပ်လိုက်စမ်း!" တုရှီသည် သူ့ကိုနည်းနည်းမှ မျက်နှာသာမပေးသည့်အတွက် မုန်းမိသည်။သူမ ဒေါသထွက်ပြီး သူ့ဆီ ပြေးသွားပေမယ့် ချင်မျန်ကတော့ သူမကို ရှောင်နေဆဲပါပဲ။

လဲ့ယ်ထျဲက ချင်မျန်တစ်​ယောက် သွက်သွက်လက်လက်ဖြင့် ထွက်ပြေး​နေသည်ကို ကြည့်ရင်း အံ့သြတကြီးနှင့် ပျောက်ကွယ်မသွားမီ သူ့မျက်လုံးထဲတွင် အပြုံးရိပ်များက တလက်လက်တောက်ပနေသည်။သူက သူ့နောက်ကလူကို ကာကွယ်ဖို့ တည့်တည့်မတ်မတ်ရပ်လိုက်ပြီး တုရှီကို ကြည့်ကာ "အမေ... သားကောင်ကို မရောင်းရရင် အဝတ်ဝယ်ဖို့ငွေနှစ်စ ပေးပါ"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now