(၃)

403 23 0
                                    


ဒီနေ့နဲ့ဆို ကောင်မလေးနဲ့ မတွေ့ဖြစ်တာ နှစ်လတောင်ရှိတော့မယ် ...

သူမလေးအိမ်ကိုသိပေမယ့် မကြိုက်မှာဆိုးတာရော မာနကခံနေတာရောကြောင့် သူမဘက်က မဆက်သွယ်ဖို့သာ ဆုံးဖြတ်ထားတာ ...

မမြင်ဖူးတဲ့ တစိမ်းမလေးကို ဘာလို့ဒီလောက်ခင်တွယ်နေမိလည်း စဉ်းစားမရဘူး ...

စဉ်းစားလို့ရလည်း မစဉ်းစားချင်ဘူး ... ဒီလို ရှင်းသန့်က ခေါင်းမာတယ်
သူမလုပ်ချင်တာဆို ငွေအပုံလိုက်ပေးတောင် သူမက အပိုပါပြန်အမ်းပြီး ပြန်ပေးလိုက်မယ့်အမ‌ျိုး ...

တကယ်တော့ အပိုပြန်အမ်းတာ ပိုက်ဆံအိတ်ထဲက ငါးဆယ်တန်တွေပါလေ ... သူမ စာရေးခြင်းအတတ်ပညာကိုလုပ်ကိုင်နေပေမယ့် တစ်ခါသွင်းမှ နည်းနညိးလောက်ရတဲ့ အဖိုးအခက သူမ ဝမ်းဆာဖြည့်ရုံလောက်သာ

အိမ်နဲ့ ပြဿနာတတ်ပြီး ဆင်းလာကတည်းက ငတ်တလှည့် ပြတ်တလှည့်နဲ့ ရေသောက်ဗိုကိမှောက်လိုက်တာ များတာဘဲ ...

တစ်ခါတစ်လေတော့လည်း လွမ်းပါတယ် အိမ်ကို ...
ဒါပေမယ့် ချစ်ရသူကလည်း စွန့်ပစ်ပြီး မိဘတွေဆီမှာလည်း အပယ်ခံဖြစ်နေရတဲ့ အရင်လိုမျိုးထပ်စာရင်
တစ်ယောက်ထဲ ဘယ်သူမှမရှိတဲ့ ဘဝက သူမအတွက် နိဗ္ဗာန်လိုဘဲ ...

ပျင်းပျင်းရှိလာတာနဲ့ ဒီနေ့ထုတ်လာတဲ့ ပိုက်ဆံထဲက တစ်သောင်းလောက်ကိုဆွဲပြီး အိမ်မှာစားဖို့ ကြက်ဥတွေနဲ့ ခေါက်ဆွဲပြုတ်တွေကို သွားဝယ်ဖို့ လမ်းထိပ်ထွက်လာခဲ့တယ် ...

______________________________________

' ဘုတ် ' ' အ့ ... '
ကံမကောင်းချင်တော့ အပြန်လမ်းမှာ သူမဝယ်လာတဲ့ကြက်ဥတွေ လူတစ်ယောက်နဲ့တိုက်မိလို့ ပြုတ်ကြပြီး ကွဲတာပါဘဲ ....

" မင်း !!! "
ဒေါသတကြီးနဲ့ မော့ကြည့်တော့ ...

" မောင့် ရည်းစားဟောင်း ??? "

ရုတ်တရက် ရှင်းသန့်တောင့်တင်းသွားတယ် ...
ရည်းစားဟောင်းမဟုတ်ပါဘူး အခုအချိန်ထိ ဆက်နွယ်ချင်နေတဲ့သူပါလို့ပြောလိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့ဘူး ...

" ရည်းစားဟောင်းမဟုတ်ပါဘူး ရည်းစားလောက်တောင် အရေးမပါခဲ့တဲ့လူပါ ... သွားခွင့်ပြုပါဦး "
စကားစကိုမြန်မြန်ဖြတ်ရင်း ပြေးထွက်လာခဲ့တယ် ...
ရှင်းသန့်က အဲ့လူနဲ့ပတ်သက်ရင် သိပ်ကို အားနည်းနေတုန်းဘဲ ...

မှားယွင်းသော ချစ်ခြင်း စစ်မှန်သော မေတ္တာ Where stories live. Discover now