27

7.4K 1.1K 4
                                    

ရှားဖုန်း၏အကြောက်တရား
..................................

အလောင်းနှစ်လောင်း သယ်ထုတ်ခံရသောဖြစ်စဉ်ကို လူအရေအတွက် အတော်များများမှ မြင်ခဲ့ကြသည်။ မကြာခင်တွင် ထိုသတင်းက လင်းရှင်းကျုံနှင့် လင်းကျိုးဝမ်တို့၏ နားသို့ရောက်သွားသည်။

"အဲ့လူတွေ မြက်တောထဲ အပစ်ခံလိုက်ရတာလား။" လင်းရှင်းကျုံက အိမ်တော်ထိန်းအား စူးရှသောမျက်လုံးများဖြင့် ကြည့်နေသည်။

အိမ်တော်ထိန်းက သတိဖြင့်ပြန်ဖြေကြားသည်။ "ဟုတ်ပါတယ်။ သူတို့ကို အဝေးပို့လိုက်ပါပြီ။"

လင်းရှင်းကျုံ၏ မျက်နှာကတည်နေသည်။ ခေတ္တမျှကြာပြီးနောက် သူက အိမ်တော်ထိန်းအား ပြောလိုက်သည်။ "အစေခံတွေကို ကိုယ့်ပါးစပ်ကိုယ် ထိန်းခိုင်းလိုက်။ ပြဿနာကို အိမ်အပြင်ဆီ မထွက်စေနဲ့။"

"ဟုတ်ကဲ့ပါ။ ကျွန်တော် သေချာကြီးကြပ်လိုက်ပါ့မယ်။" အိမ်တော်ထိန်းက ပြန်ဖြေသည်။

အဖြူရောင်အဝတ်စဖြင့် အဖုံးခံရသည့် အလောင်းနှစ်လောင်းအကြောင်း ပြန်တွေးမိတိုင်း အိမ်တော်ထိန်း နှလုံးခုန်မြန်လာဆဲပင်။ ယခင်ကဆိုလျှင် သခင်လေးက အခြားလူများအပေါ် ကြင်နာစွာ၊ ရိုးရိုးကုပ်ကုပ်ဆက်ဆံလေ့ရှိသည်။ သခင်လေး ထင်ရာစိုင်းလာသောအခါ ဤမျှရက်စက်မည်ဟု မည်သူထင်ထားမည်နည်း။

"ခဏနေဦး။" အိမ်တော်ထိန်းမထွက်သွားခင် လင်းရှင်းကျုံထပ်ပြောလိုက်သည်။ "ငါတို့ စံအိမ်က အစေခံတွေကို သေချာစောင့်ကြည့်နေ၊ တစ်ခုခုသံသယဝင်စရာ တွေ့တာနဲ့ ငါ့ကိုချက်ချင်းလာပြော။"

လင်းရှင်းကျုံ အယုံရဆုံး ညာလက်ရုံးဖြစ်သည့် အိမ်တော်ထိန်းက အမိန့်အားကြားသည်နှင့် လင်းရှင်းကျုံ၏စိတ်ထဲ၌ ဘာရှိနေသည်ကို သိလိုက်သည်။ အိမ်တော်ထိန်း၏ ရင်ထဲ၌ အကြောက်တရားကြောင့် စူးခနဲနာသွားသည်။ "ဟုတ်ကဲ့ပါ၊ သခင်ကြီး။ အမိန့်နာခံရန်အသင့်ပါပဲ။"

အိမ်တော်ထိန်းထွက်သွားပြီးနောက် လင်းရှင်းကျုံက လင်းကျိုးဝမ်အားကြည့်ကာ ပြောလိုက်သည်။ "အဲ့နှစ်ယောက်က ဒီနေ့ ကျန်အာ ကျားစံအိမ်ဆီသွားတော့ လိုက်သွားတဲ့လူတွေ မဟုတ်လား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now