"သူက သားကိုဆို တစ်သက်လုံးတောင်‌ကျွေးဦးမှာ"

                     "ဟမ် အန်တီဘာပြောလိုက်တာလဲ"

                     "အော် သားကိုကျွေးအောင်လို့ အန်တီပြောပေးမှာပေါ့လို့ မဟုတ်ဘူးလား "

                      "ဟီး အာ့ဆိုပြောပေးနော်"

                        "အင်း ပြောပေးမယ် စားဦးလေ သား အေးကုန်ဦးမယ်"

                        "ဟုတ် စားမှာ အကုန်လုံးစားမှာ"

                            "ဟုတ်ပါပြီ"

              မိန်လီလီတစ်‌ယောက်  သူမရှေ့မှာ ခေါင်းမဖော်တမ်းစားနေတဲ့ ကလေးကိုကြည့်ပြီး ပြုံးနေမိသည်။ချစ်ဖို့ကောင်းလိုက်တာနော်။ဘယ်လိုလေးမှန်းလဲမသိဘူး။အာ သိပြီ သားကိုဖုန်းဆက်ရမယ်။သူမလဲ ဖုန်းကို ထုတ်လိုက်ပြီး ရှောင်းကျန့်ဆီကို ဆက်လိုက်သည်။

            တစ်ဖက်က ရှောင်းကျန့်မှာလဲ companyကိုရောက်တော့
၀န်ထမ်းတွေက သူ့ကို သိသိသာသာရော မသိမသာရော ကြည့်နေတာကို
တွေ့လိုက်ရသည်။သူလဲ သွားနေရာကနေ ရပ်လိုက်ပြီး ကြည့်နေတဲ့၀န်ထမ်းတွေဘက်ကို လှည့်ပြီး

             "မင်းတို့တွေ ဘာအလုပ်မှမရှိကြဘူးလား "

               ထိုအခါမှ ၀န်ထမ်းတွေလဲ ဟိုဖိုင်ပေးကြည့် ဒီဖိုင်ပြေးကြည့်နဲ့ လုပ်ကုန်သည်။
         
            ရှောင်းကျန့်လဲ ခေါင်းခါပြီး သူ့အခန်းကို သွားတော့သည်။သူရောက်ပြီး ခဏကြာတော့ ချန်ယွင်က ‌ဖိုင်တွေကိုင်ပြီး ရောက်လာသည်။

             "Ceo ဒါစစ်ရမယ့်ဖိုင်တွေပါ"

              "အင်း ထားခဲ့လိုက် အော် ပြီးတော့ ၀န်ထမ်းတွေကို ပြောလိုက်ဦး အလုပ်ကိုသေချာလုပ်လို့ "

               "ဟုတ်ကဲ့ပါ"

              ချန်ယွင်လဲ ceoဆီကနေထွက်လာပြီး ၀န်ထမ်းတွေနားရောက်တော့

             "မင်းတို့တွေ ဘာတွေလုပ်ထားပြန်ပြီလဲ ceoက ပြောနေတယ် အလုပ်ကိုသေချာလုပ်တဲ့"

              "အာ ချန်ယွင်ကလဲ ငါတို့ကလေ ceoချောလို့ကြည့်မိတာပါ နင်လဲ ကြည့်ပါလား ဒီနေ့၀တ်လာတာကို all blackနဲ့ မိုက်တယ် အသက်၃၀လို့တောင်မထင်ရဘူး"

ဦးငယ်လေးရဲ့အရှင်သခင်လေးWhere stories live. Discover now