1

35.7K 1.9K 54
                                    

'သူပြန်လာပြီ'
.................

အလောင်းများ၏ပုပ်ဟောင်နေသောရနံ့ကြောင့် အော်ဂလီဆန်ကာ ဖျားနာသွားစေနိုင်သည်။ တွင်းပေါ်၌ ယင်ကောင်များ၊ လောက်များအနှံ့ပင်။ တွင်းအောင်ခြေ၌ ယောက်ျားတစ်ယောက်က စွန့်ပစ်ထားခံရသည့်အလောင်းပုံပေါ်ဝယ် ထိုင်နေသည်။ သူ့ကိုယ်ပေါ်၌သွေးများပေကျံနေကာ ခြေထောက်များမှာလည်း ထူးဆန်းစွာကွေးကောက်နေသည်။ သူက လုံးဝကိုမလှုပ်ရှားနိုင်ပေ။

သူ့လက်သည်းများမှာ ကျိုးနေပြီး သွေးများ၊ တွင်းနံရံမှရွှံ့များဖြင့် ညစ်ပေနေကာ မိစ္ဆာတစ်ကောင်၏လက်နှင့်ပင်တူနေသည်။

သူ၏ဆံပင်ရှည်များမှာ ညစ်ပတ်ရှုပ်ထွေးနေကာ နှဖူးကိုလည်း ဆံမြိတ်များမှ ဖုံးထားသည်။ သို့သော် ၎င်းတို့သည် ကောင်းကင်ယံရှိ မည်သည့်ကြယ်ထက်မဆို တောက်ပသည့် ဝမ်းနည်းကာ နာကျင်နေသောမျက်ဝန်းများကို မဖုံးကွယ်နိုင်ပေ။ တောက်ပသော ဤမျက်ဝန်းများတွင် မချိတင်ကဲဝေဒနာနှင့် မျှော်လင့်ချက်ပျက်သုဉ်းမှုမီးတောက်များ လောင်ကျွမ်းနေပြီး သွေးမျက်ရည်ကျလာသည်။

"ဟား ဟား ဟား "

"သူ့မျက်လုံးတွေကို ကြည့်ပါဦး။ အော့၊ ငါကြောက်သွားပြီ။"

"သေကိန်းကြုံနေတဲ့ မင်းလိုအမှိုက်ကောင်က ငါ့ကို ဒီလိုမျက်လုံးတွေနဲ့ ကြည့်ရဲတယ်လား။ ဖွီ "

တွင်းအပေါ်ဘက်၌ မကောင်းဆိုးဝါးဗီဇခိုအောင်းနေသည့် လူမဆန်သူများက ကြမ်းကြမ်းတမ်းတမ်း ပြက်ရယ်ပြုကာ ဂရုမစိုက်ဟန်ဖြင့် ရယ်မောနေကြသည်။

တွင်းထဲမှလူက သရဲဘဝနှင့်ပင် ကလဲ့စားချေမည့်အလား၊ ထိုလူများ၏မျက်နှာကို ဦးနှောက်ထဲစွဲနေအောင် စိုက်ကြည့်နေသည်။

သူ တွင်းပေါ်မှလူများကို ပြုံးရယ်၍ကြည့်လိုက်သည်။

"မင်းက ဘာတွေ ရယ်နေတာလဲ။"

"အဲ့အကြည့်က ရွံစရာကြီး။ သူ့ကိုသတ်လိုက်တော့။"

ထိုအပြုံးက လူများ၏ရပ်သံကို ရပ်စေသည်။ သူတို့ စတင်ကြောက်လန့်လာပြီး အကြောက်တရားကို ဒေါသဖြင့်ဖုံးသည့်အနေဖြင့် ကျောက်တုံးများဖြင့် ကောက်ပေါက်တော့သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now