For Unicode
" လူစွမ်းကောင်း "
စိမ်းနုရောင်လိုက်ကာ ကို ပင့်အတင် မြင်လိုက်ရတဲ့ မျက်နှာနဲ့ ကြားလိုက်ရတဲ့ ခေါ်သံကြောင့် ထယ်ယောင်းမျက်နှာက သံပုရာသီးငုံလိုက်ရသလို ရှုံ့မဲ့သွားသည်။
ဒီကောင်ဟာ ခနခနနယ်ကျွံလာနေတော့တာပဲ။
" ဂိမ်းလာဆော့တာလား? "
" မဟုတ်ဘူး။ စာလာကြည့်တာ "
သူတို့ရပ်ကွက်ရဲ့ တစ်ခုတည်းသော အင်တာနက်ဂိမ်းဆိုတာသိရဲ့နဲ့ တမင်မေးတဲ့ငနဲကို ရွဲ့၍ ဖြေလိုက်ခြင်းဖြစ်ပေမယ့် ထိုငနဲက စပ်ဖြဲဖြဲ......
" ဘာဆော့မှာလဲ? ငါက ဒီဂိမ်းဆော့နေတာ "
ထိုငနဲ ထိုးပြသည့် ဂိမ်းကို ကြည့်လိုက်တော့ ကားမောင်း ပြိုင်ရသည့် ဂိမ်း။
အခုတလော သူတို့တွေကြားခေတ်စားနေပေမယ့် ထယ်ယောင်းကတော့ တစ်ခါမှ မဆော့ရဖူးဘူး။
ဒီနေ့မှ နေမကောင်းချင်သလိုဖြစ်လို့ ကျောင်းတစ်ရက်နားရာကနေ သက်သာလာတော့ အိမ်ကို ဂျုံးဂုဆီစာသွားကူးမယ်ပြောပြီး ဘတ် ၀င် လာခြင်းဖြစ်သည်။
" အဲ့ဂိမ်းကဆော့လို့ကောင်းလား "
စိတ်လိုလက်ရ မေးတော့ ထယ်ယောင်းရဲ့ မျက်၀န်းညိုလေးတွေက တောက်တောက်ပပရှိလှသည်။
" ဟာ အေးပေါ့ကွ!
ဒီမှာ မင်းနဲ့ငါ ကားပြိုင်မောင်းလို့ရတယ် "" တကယ်? နှစ်ယောက်ဆော့လို့ရတယ်ပေါ့ "
" အေး တကယ်ကွ "
ထယ်ယောင်းရဲ့ မျက်လုံးတွေက လခြမ်းကွေးပုံ ဖြစ်သွားကာ လေးထောင့်ဆန်ဆန်အပြုံးလေးက မျက်နှာ နုနုထက်မှာ ချစ်စဖွယ် ပေါ်လာ၏။
" ဒါဆို တူတူဆော့မယ်လေကွာ...အဲ
နာရီ၀က် ဘယ်လောက်တုန်း? "" တစ်ထောင် တဲ့။ တန်ပါတယ်ကွာ "
ထယ်ယောင်းသူ၏ ဘေးအိတ်ကပ်ထဲက အကြွေစေ့တွေက ထုတ်ရေ လိုက်တော့ ၀မ် ခြောက်ရာ သာရှိသည်ကို တွေ့ရသည်။
YOU ARE READING
Once Upon A Dream
Fanfictionလူတိုင်းမှာ မေ့မရတဲ့ အိပ်မက်လှလှလေးတစ်ခုရှိတတ်ကြတယ်... ကိုယ့် ရဲ့ အိပ်မက်လှလှလေးက မင်း ပဲ။