(Uni)
"ဝါး....အား....ဒါန်း...အား...""ကျစ်....သွားပြီသွားပြီ...ငါတို့တော့ဒီညသွားပြီ..."
"အဟက်...videoလေးရိုက်ပေးထားတယ်ဗျာ...ငိုငို...သားရေ ငိုကွငို"
သားရှေ့မှာထိုင်လိုက်ပြီး I padဖြင့် သားငိုနေသည်ကို မှတ်တမ်းတင်နေ၍နောက်ကျောကြီးကိုကန်သာပစ်လိုက်ချင်တော့သည်ဒါကသားကြီးလာရင် သားကို သူအောက်ဖဲလှန်ဖို့အကွက်ဆင်နေတာတွေဖြစ်သည်
သားကပါးစပ်ကလေးအပြဲသားဟပြီးမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေသည်ကို ရှေ့ကခွီးနေသည်ကသူ့Daddy သွေးZလှိုင်း...သွေးချင်းဋီကာ တို့ကလည်းတကယ်ကိုစိတ်ကူးတပေါက်ထငိုတာဖြစ်သည်...
ဒါန်းလေးက ဒီနေ့လည်မှပြန်သွားတော့ သူနိုးနိုးချင်းလည်း ဒါန်းကိုမတွေ့ရ ညနေလည်းမတွေ့ရမို့ ညရောက်တော့အတည်ကြီးစိတ်ပေါက်သွားကာအော်ငိုသည်ကလွယ်လွယ်ချော့လို့ရမည်မထင်"သားရေ...ဒါန်းက ပြန်သွားပြီလေ"
"ဝါး.....ဟွန့်အင်....ဝါး..."
"ကျစ်...သားကိုချော့စမ်း သူတောင်းစားရဲ့
ရိုက်နေတာကိုရပ်လိုက်""အဟက်...သားပါးစပ်ကလေးပြဲနေပြီနော် ထပ်အော်အုံး အော်အုံး...."
သားကသူ့ကိုအာရုံမရတော့ ဒါန်းကိုမတွေ့၍သာ စိတ်ပေါက်နေဟန်ဖြင့် ပိုတိုးငို၍ အသွေးမနေသာတော့...
Z၏ခေါင်းကိုတွန်းထုတ်လိုက်ပြီး သားကိုပွေ့ချီ၍ ကျောလေးပွတ်သပ်ပြီးချော့ပါသော်လည်း တိတ်ဖို့လမ်းမမြင်..."ပြန်ပြီလို့ ဒါန်းက
သားကငိုမနေနဲ့ ဘာလို့ငိုနေတာတုန်း...တကယ်ပါပဲ""ဝါး.....အား....ဒါန်း..."
"အေးပါကွာ...ဒါန်းက ဖိုးဖိုးတို့ဆီပြန်ပြီလေကွ သားလေးရ
သားလွမ်းလို့လား သားဒါန်းကိုသတိရလို့လား...ဟုတ်လား ပြောပြပါအုံးပါပါးကို...သားလွမ်းနေပြီလား...ဟုတ်လား""အီး...ဝါး...ယွီးယီးမစ်(really miss)...ယွီးယီးမစ်(really miss)...ဝါး....ဒါန်း...."
"ဟာ့ဟား...အေးပါအေးပါ သားက ဒါန်းကိုလွမ်းနေတာ ပါပါးလည်းလွမ်းတယ်လေဒါန်းလေးကို...နော်...ပါပါးလည်းလွမ်းတာပေါ့
သားနဲ့ပါပါးနဲ့အတူတူပဲ သားကမငိုနဲ့တော့...တိတ်တိတ်...ငိုရင် ဒါန်းကအိမ်ကိုလာမလည်ပဲနေလိမ့်မယ်နော်..."