!unicode!
အခန်း(၆၆) ရန်စခြင်း။
....ကျန်းရွှင်းယီက "အစ်မချိုး"ဟုပြောလိုက်ချိန်တွင် အခြားသူများမှာ မရေမရာဖြစ်သွားကြပေမဲ့ အမျိုးသမီးကတော့ တောင့်တင်းလာရကာ ခေတ္တမျှတန့်သွားပြီး သူမပြောလာခဲ့သည်။
"ရွှင်းယီ"အသစ်စက်စက်မဂ်လာဆောင်ထားသည့်မိန်းမငယ်လေးမှာ တကယ်တမ်း၌ ဖုန်ချိုးဖြစ်နေခဲ့သည်ပင်။
သူ့နာမည်ကိုလွှတ်ခနဲထုတ်ပြောလာခဲ့သော ကျန်းရွှင်းယီတက်နင်းထားသည့်ယောက်ျားမှာလည်း သဘာဝကျကျပင် သူနှင့်ရင်းနှီးနေပါ၏၊ ၎င်းဟာ ဖုန်ချိုး၏အကြီးဆုံးအစ်ကို ဖုန်ချီ ဖြစ်ပေသည်။
ဖုန်ချီသည် သူ့ကိုယ်သူ လူငယ်သူရဲကောင်းဟု တွေးထင်နေသည့် အမြင်ကျဥ်းမြောင်းသောယောက်ျားတစ်ယောက်ဖြစ်သည်။ သို့သော် သူဟာ စိတ်ဝိညာဥ်စင်မြင့်ကျောက်စိမ်းညီနောင်၏ကျော်တက်ခြင်းကို အမြဲခံနေရပေရာ သူ့နှလုံးသားထဲ၌ မနာလိုဖြစ်နေခဲ့ရသည်။ ဒါကြောင့်မို့ ကျန်းရွှင်းယီ၏ဂုဏ်သိက္ခာပျက်ယွင်းသွားသည့်အချိန်တွင် သူ့လောက်ပျော်ရွှင်မည့်သူရှိမည်မဟုတ်။ သို့ပေသိ၊ အရာအားလုံးဟာ ပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားမိပေ။ အလှည့်အပြောင်းတစ်ချက်တည်းနှင့် ကျန်းရွှင်းယီဟာ အပြစ်ကင်းရုံသာမက မိစ္ဆာမျိုးနွယ်စုနှင့်ဆက်နွယ်မှုရှိသည်က သူတို့သာဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရပေသည်။ သူ၏ဖခင်ဖုန်ရွှယ်ဟာ ဆုံးဖြတ်ချက်ချခဲ့ပြီး ဖုန်မိသားစုကိုခေါ်ကာ မိစ္ဆာမျိုးနွယ်စုထံခိုလှုံခဲ့ရသည်။
ထို့ကြောင့် ဖုန်ချီသည် ကျန်းရွှင်းယီကို အရိုးထဲထိအောင်မုန်းတီးမိ၏။ သူသတင်းကိုပထမဆုံးကြားလိုက်ရချိန်တုန်းက ကျန်းရွှင်းယီဟာ မိစ္ဆာဘုရင်အကျဥ်းချတာခံလိုက်ရသည်ဟူ၍ တကယ်ပင်တွေးမိလိုက်သည်၊ သို့ပေမဲ့ သူ၏စိတ်ဝိညာဥ်စွမ်းအင်မှာ မပျောက်ကွယ်သွားဘဲ ဒဏ်ရာလည်းမရထားဘူးဟူ၍ မထင်မှတ်ထားမိပေ။ ဖက်၊ သူက လှုပ်ရှားမှုတစ်ကွက်တည်းနှင့် သူ့အားတက်နင်းထားနိုင်သေးတယ်လေ!
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...