[၆၈.၁] ယွင်ဂိုဏ်းချုပ်။

2K 407 4
                                    

!unicode!

အခန်း(၆၈) ယွင်ဂိုဏ်းချုပ် - ၁

.......

သူနှင့်ကျိုးကျန့်ဖန်တို့နှစ်ဦးစလုံးသည် တစ်​ယောက်ကိုတစ်​ယောက်စိုက်ကြည့််လိုက်ကြပြီးနောက် ကျိုးကျန့်ဖန်က တီးတိုးပြော၏။
"သူတို့အကုန်လုံးကို ကြွက်သားပြေလျော့စေတာနဲ့ဆင်တူတဲ့ ဆေးတစ်မျိုးမျိုးခပ်ထားတာ။ ငါဖြေဆေးယူလာတယ်။ ပေးလိုက်ကြတော့မလား။ "

ယွင်ရှဲ့တန့်သွားသည်။
"အလျင်မလိုစမ်းပါနဲ့၊ ​ကျန့်ဖန်ရာ။ ငါ့ကိုခဏလောက်စောင့်အုံး။"

"ရတယ်။ ဒါပေမယ့် အချိန်ကအကုန်မြန်တယ်။ ဒီတော့ မြန်မြန်လုပ်ကွာ။"

ယွင်ရှဲ့ပြုံးကာ ဖြေးညှင်းစွာပြောလိုက်သည်။
"စိတ်အေးအေးထားပါကွာ၊ ငါတို့အလျင်မလိုပါဘူး။"

သူသည် ပထမဆုံးအကျဥ်းတိုက်၏သံတံခါးဆီသို့ လျှောက်သွားကာ လက်ဆန့်၍ သော့ကိုဖြည်လိုက်ကာ အကျဥ်းထောင်ကို ရိုးရိုးရှင်းရှင်းနှင့် သဘာဝကျကျချိုးဖျက်လိုက်ချေသည်။ သူတံခါးကိုဖွင့်လိုက်ကာ စီးဆင်းနေသောရေအလား တိတ်တဆိတ်ဝင်သွားလိုက်သည်။
"ဝူဂိုဏ်းချုပ်၊ ခင်ဗျားဘယ်လိုနေလဲ။"

သူ့ကြောင့် တိတ်ဆိတ်သွားရသော ပုဂ္ဂိုလ်မှာ အနည်းငယ်ထိတ်လန့်စွာဖြင့် ခေါင်းမော့လာသည်။ ဖယောင်းတိုင်အလင်းရောင်ဟာ သူ၏လုံးလုံးဝိုင်းဝိုင်းအဆီပြင်မျက်နှာပေါ်သို့ ကျရောက်နေလေသည်။ ဒါဟာ ယွဲ့လီမြို့တော်ရှိ ရင်အန်းဂိုဏ်း၏ဂိုဏ်းချုပ်ဝူထျန်းချီ ဖြစ်ပေ၏။ သူ့သမီးဖြစ်သူ ဝူဟွေ့သည်လည်း သူ့နံဘေး၌ရှိနေကာ သူမဟာ ယွင်ရှဲ့ကိုမြင်လိုက်ရသည့်အခါတွင် အံ့သြသွားတော့သည်။
"အစ်ကိုယွင်၊ အစ်ကိုလား။ အစ်ကိုညီမတို့ကိုလာကယ်တာလားဟင်။"

ယွင်ရှဲ့သည် သူမဘေးရှိထိုင်ခုံပေါ်၌ထိုင်နေတာဖြစ်၏။ သို့သော် သူမကြည့်ရသည်မှာ သူ့အပေါ်ခုန်တက်ချင်ပုံရတာကြောင့် သူဆက်ပြောလိုက်မိသည်။
"အင်း၊ မင်းတို့ကိုကယ်ဖို့ အပြင်ကနေဒီအထိ ငါလမ်းတစ်လျှောက်လုံးတိုက်ခိုက်ခဲ့ရတယ်။ တကယ်လို့ မင်းသာ တစ်ချက်ကြည့်ကြည့်ရင် ငါ့ကိုစင်လာခဲ့တဲ့ ဦးနှောက်နဲ့သွေးတွေကို မြင်ရမှာပဲ။ အိုကွယ်၊ ဒါက တကယ့်ကိုခက်ခဲတဲ့အလုပ်ပါလားနော်။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now