Zawgyi
အပိုင်း (၇၁၅) – ဆရာရောက်နေပြီ
ထိုလူများ ဝိဥာဉ်အတားအဆီးကို အတူတကွတိုက်ခိုက်ရန် ပြင်ဆင်နေ သည်ကို ရှီမာယူယူ စောင့်ကြည့် နေသည်။ သူမသည် ဝိဥာဉ်အတားအဆီး တောင့်မခံနိုင်မည်ကို စိုးရိမ်နေသည်။
"လူတွေအများကြီး အတူတိုက်နေကြပြီ အဘိုးကြီးဖန်ရဲ့ တည် ဆောက်မှုက ခံနိုင်ပါ့မလား" ရှောင်ချီ ပြောလိုက်သည် "ရှောင်ချီအပြင်ထွက် ပြီး အဲလူတွေပျံသွားအောင်လုပ်လိုက်ရမလား"
"မင်းပြဿနာမရှာတာကိုပဲ တော်နေပါပြီ" ဖန်လိုင် ပြောလိုက်သည် "မင်းဒီမှာနေပြီး တုလေးကို စောင့် ကြည့်ထား၊ ငါသွားပြီး အချိန်ဆွဲလိုက်မယ်"
ဖန်လိုင် အပြင်ထွက်သွားသည်မှာ အသုံးဝင်သည်ဟု ရှီမာယူယူ မထင်ပေ။ သို့သော် တုလေးသည် အပြည့်အဝ အသွင်မပြောင်းသေးပေ။ ဒီအချိန်အတွင်းကို အနှောင့်အယှက်ပေးခံရလျှင် မကောင်းပေ။ ထို့ကြောင့် သူမခေါင်းညိမ့်လိုက်သည် "ကျောင်းအုပ်ကြီးဖန်၊ ဂရုစိုက်ပါ သူတို့ကို အချိန်နိုင်တော့ရင် ပြန်လာခဲ့ပါ၊ ဒီ တည်ဆောက်မှုက ခဏတော့ ခံနိုင်မှာပါ"
"အင်း" ကျောင်းအုပ်ကြီးဖန်သည် ပျံတက်သွားကာ ဝိဥာဉ်အတားအဆီး ကိုဖြတ်ပြီး အပြင်သို့ရောက်သွားလေသည်။
အပြင်မှလူများသည် လှုပ်ရှားမှုလုပ်မည်အပြုတွင် လူတစ်ယောက် ဝိဥာဉ်အတားအဆီးအတွင်းမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ သူတို့ သည် တိုက်ခိုက်မှုကိုရပ်လိုက်ကြသည်။
"အတားအဆီးထဲမှာ ပုန်းနေတဲ့လူပေါ်လာပြီပဲ" အနက်ရောင်ကတုံး၏ လက်ထဲမှ စုထားသော ဝိဥာဉ် စွမ်းအင်များသည် မပျောက်ကွယ်သွားသေးပေ "မင်္ဂလာသားရဲကို ဖမ်းဖို့လုပ်တဲ့လူက ဘယ်သူပါလိမ့်"
"ဒီမှာ ဘာမင်္ဂလာသားရဲမှမရှိဘူး မြန်မြန်သွားကြတော့" ဖန်လိုင်သည် လက်ကို နောက်ပစ်ထားကာ အားလုံးအားကြည့်လိုက်သည်။
"ကောင်းကင်ဂိုဏ်းကလူတွေက ဘယ်တုန်းက မင်္ဂလာသားရဲကို အပိုင်စီးလိုက်တာလဲ၊ မင်းတို့်လုပ်ရဲမှာ တော့ တာဝန်ယူရဲရမှာပေါ့၊ မဟုတ်ရင် နောက်ကို ဂိုဏ်းကကျောင်းသားတွေကို ဘယ်လိုခေါ်တော့မှာလဲ" ကျားဟုန်ဂေါင်သည် ဖန်လိုင်အား သတိပြုမိကာ ထေ့ငေါ့စွာပြောလေသည်။
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4
ActionBook-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြားသောလူတစ်ယောက်..... အကြောင်းတစ်ခုကြောင့် ယောက်ျားလေး...