အပိုင်း (၇၁၁) - အားလုံးထွက်သွားကြခြင်း

2.4K 285 0
                                    

Zawgyi


ကုန်ရှန်ယိသည် နားမလည်နိုင်ဖြစ်သွားသော်လည်း ခေါင်းညိမ့်ကာ ပြောလေသည် "အဲလိုပြောလိုက်ပါမယ်"

ရှီမာယူယူသည် သူမအပေါ် ထိုကဲ့သို့ ချွင်းချက်မရှိအယုံအကြည်ရှိ သည်ကို အလွန်ကျေနပ်မိသည်။ သူမသည် ကုန်ရှန်ယိကို လိမ်ညာခြင်း မရှိသော်လည်း သူမအပေါ်တွင် သံသယဝင်ပါက ယုံကြည်မှုမရှိဟု ဆိုလိုခြင်း ဖြစ်သည်။ သူတို့သာ ဒီအခြေအနေတိုင် အချိန်အတော်ကြာကုန်ဆုံး လိုက်ပါက လုပ်ဖော်ကိုင်ဖက်အဖြစ်သာနေရန်မလိုတော့ပေ။

ကုန်ရှန်ယိသည် ပြောပြီးနောက်ထွက်သွားသည်မှာ သူမသည် ရောက်ရာပေါက်ရာ လျှောက်သွားသည် ဟုထင်ရသော်လည်း အမှန်တကယ် တော့ ကုန်တောင်ကြားအဖွဲ့ဝင်တွေဆီိသို့သွားခြင်းဖြစ်သည်။

သူမသည် မျက်နှာဖုံးဝတ်ဆင်ထားသဖြင့် ကုန်တောင်ကြား အဖွဲ့ဝင် များသည် သူမအားမြင်လိုက်သည့် အခိုက်အတန့်တွင် မမှတ်မိကြပေ။ သူမသည် အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်ဘေးသွားကာ အသံနိမ့်ပြီး "စီနီယာအစ်ကို"

လူရှန်ချူသည် တောင်တစ်လုံးဂိုဏ်းမှ နောက်လိုက်အဖွဲ့ဝင်များဖြင့် ကိစ္စတစ်ခုဆွေးနွေးနေရာ ကုန်ရှန်ယိအသံကိုကြားလိုက်သည်နှင့် လန့်သွား သဖြင့် ထခုန်မိလေသည်။ သူသည် လှည့်ပတ်ကြည့်သော်လည်း လူ တစ်ယောက်မှကွယ်ထားသဖြင့် ချက်ချင်းမမြင်ရပေ။

"ဂျူနီယာညီမလေး ဘာလို့ဒီရောက်နေတာလဲ" လူရှန်ချူမေးလိုက် သည်။

"ညီမ ဖန်နဲ့တခြားသူတွေနဲ့ လိုက်လာတာ" ကုန်ရှန်ယိ ပြောလိုက်သည် "ညီမတို့အားလုံး မျက်နှာဖုံးဝတ် ထားကြတယ်၊ အဲတော့ လူတော်တော် များများ သိမှာမဟုတ်ဘူး"

"ဒီကိုဘာလာလုပ်ကြတာလဲ"

"ကုန်တောင်ကြားက ဒီကိစ္စကိုလက်ရှောင်ဖို့်လာပြောတာ၊ ဖြစ်နိုင်သမျှ မြန်မြန်ထွက်သွားလိုက်ပါ၊ ဒါပေမဲ့ သူများတွေ သတိမထားမိစေနဲ့"

"သွားရမယ်ဟုတ်လား" လူရှန်ချူသည် အနည်းငယ် ရှုပ်ထွေးသွားကာ "ဂျူနီယာညီမလေး ဒီမင်္ဂလာ သားရဲကိုလိုချင်တယ်လို့ ပြောဖူးတယ်မလား၊ ဒါ အခွင့်အရေးကောင်းပဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now