Killer's Password 2 - ကံဆိုးခြင်း

1.9K 347 6
                                    

Unicode

မာရှင်းနှင့် ကုန်းစွန်းတို့က အလောင်းခွဲခန်းထဲဝင်ကာ လုပ်ငန်းစရန် ပြင်သည်။ ကျန်တဲ့လူတွေကလဲ အေး​အေးဆေးဆေး ရှိနေကြသည်။ ပိုင်ယွိထန်က ကျန်ကျောက်ကို ဆွဲခေါ်သည်။
" ကြောင်လေး.. လာ.. Normal တက္ကသိုလ်ကို သွားရအောင်"

" အင်းလေ.."
ကျန်ကျောက်က ထလိုက်လာသည်။ သူတို့နှစ်ယောက် ဓာတ်လှေကားရှေ့ပဲရောက်သေးသည်။ ကျန်းပင်က ထွက်လာပြီးလှမ်းခေါ်သည်။
" Bai Sir"

ဓာတ်လှေကားခလုတ်ကို နှိပ်ရန်ပြင်နေသည့် ပိုင်ယွိထန်လဲ ကျန်ကျောက်နှင့်အတူ ရုံးခန်းထဲ ပြန်ဝင်လာရသည်။
" ဘာဖြစ်လို့လဲ"

လ​က်တစ်ဖက်နှင့် ဖုန်းကိုင်ထားသော ကျန်းပင်က သူ့ကိုမြင်တော့ လှမ်းပေးသည်။
" အိုက်ဟူ ခေါ်နေတာ"

ပိုင်ယွိထန်က ဖုန်းခွက်ကို လှမ်းယူလိုက်သည်။
" ဟယ်လို"

တစ်ဖက်မှ အိုက်ဟူက စကားအနည်းငယ်ပြောလိုက်ပုံရသည်။ ပိုင်ယွိထန်က မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။
" ကောင်းပြီ.. ငါ အခုချက်ချင်းလာခဲ့မယ်"

" ဘယ်သွားမလို့လဲ"
ကျန်ကျောက်က မေးသည်။

" ချန်းဝမ်လမ်းပေါ်က တိုက်အမြင့်ပေါ်က လူတစ်ယောက် ခုန်ချပြီး သတ်သေလို့တဲ့ အခုလေးတင်ပဲ"
ပိုင်ယွိထန်က ပြန်ဖြေသည်။
" သွားကြည့်ရအောင်"

" တိုက်ပေါ်က ခုန်ချတဲ့အမှု?"
ကျောက်ဟူက ကြောင်အအနှင့်ပြန်မေးသည်။
" သတ်သေတဲ့အမှုကို ဘာလို့ သွားကြည့်ရမှာလဲ"

" အိုက်ဟူပြောတာတော့ ပြဿနာနည်းနည်းရှိတယ်တဲ့"
ပိုင်ယွိထန်က သူတို့အားလုံးကို လက်ယမ်းပြသည်။
" ဘာပဲဖြစ်ဖြစ် ငါလဲ ​ပျင်းနေတာနဲ့ သွားရအောင်လေ"

သူတို့တစ်ဖွဲ့လုံး အသီးသီးထွက်လာကြသည်။ ကျန်းပင်ကတော့ ထုံးစံအတိုင်းရုံးစောင့် ကျန်ခဲ့၏။ SCI အဖွဲ့ကားက ချန်းဝမ်လမ်းသို့ ဦးတည်နေသည်။

ချန်းဝမ်လမ်းဆိုသည်က S မြို့၏ လူအရှုပ်ဆုံးနှင့် တိုက်အမြင့်ကြီးတွေပေါများသည့်လမ်းတစ်လမ်းဖြစ်သည်။ ထိုနေရာတွင် ရုံးသမားကျောင်းသမားတို့ ခြေချင်းလိမ်ကာ သွားလာတတ်ကြ၏။ SCI ကားမရောက်ခင် အခင်းဖြစ်သည့်နေရာတွင် လူတွေအုံလိုက်ကျင်းလိုက် စုပြုံနေကြသည်။ ရဲတချို့က သက်ကြီးရွယ်အိုများကို လူအုပ်ကြီးထဲမရောမိစေရန် လမ်းပြပေးနေ၏။

Special Crime Investigation Journal Of Mystery Book 2 - CompletedWhere stories live. Discover now