Chapter - 61

7.1K 1.2K 30
                                    

Unicode

အစတုန်းက‌တော့ရှန်ယွီကဟာသလေးလုပ်ပြီးအခုအခြေအနေကိုကျော်သွားချင်ခဲ့တာဖြစ်သည်။

ဒါပေမဲ့ခက်ခက်ခဲခဲပုံမှန်ပြန်ဖြစ်သွားတဲ့ထန်လီရဲ့မျက်နှာကသူပြောတာကိုကြားပြီးနောက်မှာမျောက်ဖင်နီလိုထပ်နီလာပြန်သည်။ဒီတစ်ခါမှာတော့သူ့ရဲ့နားထိပ်လေးတွေတောင်နီရဲလာခဲ့သည်။

သူကအဲ့ဒီနေရာမှာမလှုပ်မယှက်ရပ်နေခဲ့ပြီးတစ်မိနစ်လုံးလုံးမျှော်လင့်ချက်မဲ့သလိုခံစား‌လိုက်ရသည်။

"ဟ-ဟင့်အင်း"

ထန်လီကထစ်ထစ်ငေါ့ငေါ့ပြောလိုက်သည်။သူကဘယ်လိုပြန်ပြောရမလဲမသိတာကြောင့်အကြည့်လွှဲနေပြီးစိတ်ရှုပ်စွာခေါင်းကုတ်နေခဲ့သည်။

"အဲ့ဒါနဲ့ပတ်သက်ပြီးအခုထိမတွေးဖူးသေးပါဘူး။"

ရှန်ယွီကထန်လီရဲ့ရှက်သွေးဖြာနေတဲ့မျက်နှာကိုကြည့်ပြီးရယ်လိုက်သည်။သူကလက်ကိုယမ်းပြီးပြောလိုက်သည်။

"ကိုယ်ကဒီအတိုင်းမင်းကိုစနေတာပါ။"

ထန်လီ : "..."

သူကစိတ်သက်သာရာရသွားပြီးနောက်ဆုံးတော့ရှန်ယွီနဲ့မျက်နှာချင်းဆိုင်ဖို့သတ္တိရှိလာခဲ့သည်။သူ့ရဲ့အနက်ရောင်မျက်ဝန်းတွေထဲမှာပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့အပြင်တခြားတစ်ခုခုလည်းရောနှောနေခဲ့ပေမဲ့သူကအဲ့ဒါကိုကောင်းကောင်းဖုံးကွယ်ထားခဲ့သည်။

ရှန်ယွီကခေါင်းနည်းနည်းငုံ့လိုက်ပြီးသူ့လက်သီးကိုနှုတ်ခမ်းနားကပ်ကာရယ်လိုက်သည်။

ရှန်ယွီကတော်တော်ကြာတဲ့အထိရယ်နေပြီးမှဖြည်းဖြည်းချင်းအရယ်ရပ်သွားခဲ့သည်။သူကမျက်လုံးထောင့်နားကမျက်ရည်တွေကိုသုတ်လိုက်ကာသက်ပြင်းချပြီးပြောလိုက်သည်။

"မင်းကအခုအရွယ်ရောက်နေပြီလေ။ဒီလိုကိစ္စတွေကိုနည်းနည်းလောက်တော့သိထားသင့်ပါတယ်။"

ဒါပေမဲ့အနာဂတ်မှာသူလက်ထပ်ပြီးကလေးတွေရလာမှာကိုမြင်ရပါ့မလားတောင်မသိတော့ပါဘူး။

အဲ့ဒါကမျှော်လင့်ချက်နည်းနည်းလေးပဲရှိတယ်ဆိုတာသူသိပေမဲ့လည်း...

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now