ပထမဆုံး လူကုံထန်အသိုင်းအဝိုင်း clubကနေ ပြန်လာတဲ့ ကုန်းကျွင်းတစ်ယောက် သူ့ဘဝကို လုံးဝပြောင်းလဲပစ်နိုင်မည့် အချိုးအကွေ့တစ်ခုကို စတွေ့တဲ့အချိန်သည် ညကြီး အချိန်မတော် မနက်၂နာရီခွဲခန့် ဖြစ်သည်။ အနည်းငယ်လည်း မူးနေတာပေါ့။ Clubကနေ ယိုင်တိုင်တိုင်နဲ့ ထွက်လာတော့ အမြင်တွေ နှစ်ထပ်ကွမ်း ဝေဝါးနေသည့်အပြင် ရင်ထဲကနေရော ဗိုက်ထဲကနေပါ ပျို့တက်လာ၍ Clubဘေးက အမှိုက်ပုံ ချောင်ထဲ ပြေးထိုး၍ အန်မိသည်။
"ဝေါ့....." ဘုရားရေ၊ အန်တာ မရပ်တော့ဘူးလား။ ကုန်းကျွင်း သူ့ဟာသူပါ လန့်လာပြီ။
ကုန်းကျွင်းဆိုသူသည် နှစ်ဆယ့်နှစ်နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်လေရဲ့။ လူချောတစ်ယောက်ဖြစ်ပြီး ကျောငိးမှာကတော့ King။ နေတာကတော့ လူချမ်းသာရပ်ကွက် Silicon Valleyမှာ။ အဖေက စာသောက်ကုန်လုပ်ငန်းကြီးတစ်ခုပိုင်ရှင်ဖြစ်ပြီး အမေကတော့ ဖက်ရှင်ဒီဇိုင်းBrandတစ်ခုရဲ့ CEOပေါ့။ သု့ဘဝမှာ ပြည့်စုံနေပေမယ့် အဖေအမေရဲ့ နွေးထွေးတဲ့ အချစ်နဲ့ အချိန်ကိုတော့ မရခဲ့။
ခုလည်း တက္ကသိုလ်က ဆုပေးပွဲပြီးတော့ ဘယ်သူ့မှ လာမတက်/လာမကြိုလို့ ဆုဖလားကြီး ကားနောက်ခန်းထဲ ပစ်ထည့်၊ Clubကို မောင်းချလာ၊ အသေသောက်စား မူးနေပြီး အန်နေတာ။
သူပါးစပ်ကို ပျော့ပျော့အိအိ ရှပ်အင်္ကျီအသားနှင့် သုတ်လိုက်ပြီး ယခုရောက်ရှိနေသော အမှိုက်ပုံ ချောင်ထဲမှနေ ဒယိမ်းဒယိုင် ကားစီသို့လှမ်းလိုက်သည်။ သူ ဒီလောက်မူးနေတာ ဘယ်လိုပုံစံနဲ့ အိမ်ပြန်မလဲ။ Hmmm... သေသေကွာ ဆိုပြီး ပြန်သွားရင် ကောင်းမလား။
"ငါ့လူး... @$&#%]*# ^"
မူးနေရတဲ့ ကြားထဲ သူတစ်ခုခုကို ခလုပ်တိုက်မိပြီး မြေကြီးနဲ့ မျက်နှာ အပ်မိသွားသည်။ စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်လိုက်တော့ ထိုးထွက်နေသော ခြေထောက်နှစ်ချောင်း။
"ခင်ဗျား...!"
မဟုတ်သေးပါဘူး။ ကြည့်လိုက်တော့ ပါးလျလျ ဖြူလျော့လျော့နှင့် အမှိုက်ပုံနံရံကို မျက်လုံးလေးတွေက မှိတ်လျှက် အရုပ်ကြိုးပြတ် မှီထိုင်နေသော လူတစ်ယောက်။ သူ့ထက်ဆိုးတဲ့ ငမူးတစ်ယောက်ကို တွေ့ပြီ။
YOU ARE READING
Memories Bring Back You
Fanfictionကုန်းကျွင်းတစ်ယောက် Clubကအပြန် မူးနေတုန်း သူ့ဘဝကို လုံးဝပြောင်းလဲပစ်နိုင်မည့် အချိုးအကွေ့တစ်ခုကို စတွေ့ခဲ့တာပေါ့....... ကုန်းကျွင်းတစ်ယောက် Clubကအပြန် မူးနေတုန်း သူ့ဘဝကို လုံးဝပြောင်းလဲပစ်နိုင်မည့် အချိုးအကွေ့တစ်ခုကို စတွေ့ခဲ့တာပေါ့....... Junzhe fi...