!unicode!
အခန်း(၆၃.၁) တကယ့်အကူအစစ်က ဒီမှာပါကွယ်။
.....နောက်ဆုံးတော့ သွေးတိတ်သွားခဲ့ပြီ၊ သို့ပေသိ သူ၏ဝတ်ရုံဖြူအရှေ့၌ နီစွေးစွေးအစွန်းကွက်ကျန်ရစ်ခဲ့လေသည်။
သူသည် ကျန်းရွှင်းယီတစ်ယောက်ဒဏ်ရာများစွာရသွားအောင်မည်သို့လုပ်သင့်ကြောင်း တွေးနေမိသည်။ သို့ပေမယ့် သူထိုနေရာ၌လဲလျောင်းလိုက်သည်နှင့် သူ၏သွေးမရှိသလိုဖြူရော်နေသည့်နှုတ်ခမ်းမှာ အပြုံးသေးသေးလေးတစ်ခုရှိနေပုံပေါ်သည်။ သူ၏မျက်လုံးနှင့်မျက်ခုံးတို့မှာ မည်းနက်ပြီး ပင့်တက်နေကာ သူဟာ မိတ်ကပ်ထူထူနှင့်အလှလေးတစ်ပါးနှင့်တူနေလေသည်။
သို့သည်တိုင်၊ မျက်ရည်တစ်စက်မှာ သူ၏မျက်ဝန်းထောင့်မှရုတ်တရက်စီးကျသွားကာ သူ၏ကျီးမွှေးသဖွယ်ဆံပင်အတွင်းသို့နစ်မြှုပ်သွားခဲ့သည်။
သူဟာ ညှို့ယူဖမ်းစားခံလိုက်ရသည့်နှယ် စိုက်ကြည့်နေမိကာ နောက်ဆုံး၌မူ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းနိမ့်လိုက်ပြီး သူ့အားနမ်းရှိုက်လိုက်မိလေ၏....
------------
မူးဝေ၊ မသဲမကွဲဖြစ်နေသည့်ကြားထဲ၌၊ ခံစား၍ရနိုင်သည့်တစ်ခုတည်းသောစစ်မှန်သောအရာမှာ သူ့ရင်ဘတ်မှနာကျင်မှုပင်ဖြစ်သည်။ နာကျင်မှုသည်ကား သူ၏အရိုးတွေကိုခုတ်ဖြတ်နေသည့် ဓားထက်ထက်တစ်ချောင်းသဖွယ် သူ၏အတွင်းအဂ်ါတို့ကိုမွှေနှောက်နေခဲ့သည်။ ၎င်းသည် လူတစ်ယောက်အားရူးသွပ်စေလုနီးပါးပါပင်။
သို့သည်တိုင်၊ ဤအဆုံးမဲ့နာကျင်မှုထဲမှာ ဇီဇဝါပန်းနံ့တစ်မျိုးကို သူရနေသလိုပင်။
ကျန်းရွှင်းယီသည် သူဖြေးညှင်းစွာရယ်နေသကဲ့သို့ ခံစားမိသည်။
"အဖေ၊ အမေ၊ အစ်ကိုကြီး...ကျွန်တော်ပြန်လာပြီလေ.."ကျန်းရွှင်းယီ၏ဗီလာခြံဝန်းထဲ၌ ဇီဇဝါပင်ကြီးတစ်ပင်ရှိသည်။ နွေရာသီတိုင်း၌ ခြံဝန်းသည်ကား ဤချိုမြိန်မွှေးပျံ့သောရနံ့များဖြင့် ကြိုင်ကြိုင်သင်းနေတတ်သည်။ ဤကယောင်ကတမ်းဖြစ်နေစဥ်တွင် ကျန်းရွှင်းယီကိုကြည့်ရသည်မှာ နူးညံ့ညံ့ပွင့်လွှာဖြူတို့ကို ထိတွေ့နိုင်သည့်အလား ခံစားနေရပုံပေါ်ပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံးပျောက်ကွယ်သွားခဲ့သည်။
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...