" ဘာဖြစ်လို့ ဒီခြံကို အဲ့လောက်ပြုပြင်နေတာလဲ သိချင်မိတယ် "




" လူတစ်ယောက်ကို ခေါ်ထားချင်လို့ . . ဒီနေရာမှာ လူတစ်ယောက်ကို ထာဝရ သိမ်းဆည်းထားချင်လို့ "




" Park Chaeyoung လား ? "




" Daddy က သိပ်တော်တာပဲ "










*****************






" အစည်းအဝေးတက်နေတယ်ဆိုလို့ စောင့်နေတာ မမ အစည်းအဝေးကလည်း ကြာလိုက်တာ "




အခန်းတွင်းဝင်လိုက်ချင်းမှာပဲ ဆိုဖာမှာခြေချိတ်ထိုင်နေတဲ့ Haein ကြောင့် ကိုယ့်မှာ အလန့်တကြား ။ ထိုကလေးငယ်၏ ကျောင်းဝတ်စုံသည် တိကျသေသပ်မနေသည်ကလွဲလျှင်တော့ မျက်နှာက အရင်နေ့များကဲ့သို့ ဂျစ်ကန်ကန်နိုင်မနေ ။




" ဘယ်အချိန်ကတည်းက ရောက်နေတာလဲ "




မျက်နှာချင်းဆိုင်ဆိုဖာတွင် ဝင်ထိုင်ရင်းမေးလေတော့ ထိုကလေးက တစ်ချက်အကြောဆန့်ရင်း သန်းဝေပြတယ် ။ သဲ့သဲ့ကလေးပင် ရယ်မိသည်အထိ ။ သူတကယ် ငြီးငွေ့နေရှာမှာ ။




" သေချာမမှတ်မိဘူး . . ဒီနေရာမှာ တစ်ရေးအိပ်ပျော်သွားတဲ့ အထိပဲ "




ဆိုမာမှ ထလို့ ရုံးခန်းအတွင်း ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း သူမကဆိုတယ် ။ ကိုယ့်စကားတွေကို အကန်တွေချည်းပြန်ပြောမနေပုံထောက်ရင်တော့ သူမ ကိုယ့်ကို နည်းနည်းလေး စိတ်ကောက်ပြေသွားသည်လေလား ။




" ဒါနဲ့ . . Haein ကျောင်းမသွားဘူးလား "




ဤအချိန်သည်က အထက်တန်းကျောင်းသူတစ်ယောက် အပြင်တွင်ရှိနေရမည့် အချိန်မဟုတ် ။ Haein သည်ကတော့ အခု ဒီနေရာတွင်ရှိနေသည်မဟုတ်ပါလား ။




" အင်း . . အတန်းလစ်လာတာလေ "




ထွက်သက်အချို့အား ခပ်ဖွဖွ ရှိုက်ထုတ်မိတယ် ။ Haein ဟာ အထိန်းအကွပ်မဲ့နေလေပြီ ။ သို့သော် ကိုယ် သူ့အား ဘယ်လိုစကားလုံးများနှင့် ဘယ်လိုတည့်မက်ပေးရမည်မသိ ။ သူဟာ တစ်သက်လုံး ကိုယ်ဆုံးမစရာမလိုပဲ စကားနားထောင်ခဲ့သည့်ကလေးတစ်ယောက်မို့ တကယ့် တကယ်တော့ဖြင့် ကိုယ် သူ့အား မထိန်းချုပ်တက်တော့ ။




Crazy In Luv Where stories live. Discover now