🥳😘Happy birthday💖🥳

1K 52 5
                                    

Zawgyi


♡♡Part-4♡♡

◇တစ်ချို့သောအရာတွေမှာ
တစ်ဖက်သားကို နာကျင်အောင်
ပြုလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့
အဆုံးအဖြတ်က ကိုယ့်အတွက်
နာကျင်မှုလည်း ဖြစ်နေတတ်တယ်....◇

◇တစ်ခါတစ်ရံမှာ ကိုယ်ရှောင်ကွင်းနေမိတဲ့
ကံကြမ္မာက ကိုယ့်ဆီ မျက်စိလည်ကာ
ရောက်လာတတ်ပြန်တယ်.......◇

>>>>>>>>>>>>>>>>>>>>>>>>>>>

♡♡part-5♡♡

◇မင်းကဆူးအပြည့်နဲ့လှပနေတဲ့နှင်းဆီနီ
တစ်ပွင့်ဆိုရင် ငါကအဲဒီနှင်းဆီနီကိုမှ
ပိုင်ဆိုင်ချင်တဲ့ လက်ကလေးတစ်စုံ....
ဆူးတွေကြောင့်နာကျင်ရမယ်ဆိုရင်တောင်
ငါကဆုပ်ကိုင်ပေးထားမယ်....◇

>>>>>>>>>>>>>>>>>>>>>>>>>>

♡♡part-6♡♡

◇ဘာမှန်းမသိတဲ့ခံစားချက်ကို
ဘာဆက်ဖြစ်မယ်မသိရတဲ့
အနာဂတ်အတွက်
လျစ်လျူရှုလိုက်သည်....◇

◇သိစိတ်ဆိုတဲ့ဦးနှောက်နဲ့ဆုံးဖြတ်ချက်က
မသိစိတ်ဆိုတဲ့နှလုံးသားရဲ့ဆုံးဖြတ်ချက်နဲ့
ထပ်တူမကျနိုင်တာတွေရှိတယ်.....
အချစ်အတွက်ဆိုရင် မသိစိတ်ဆိုတဲ့
နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကိုသာ
ယုံကြည်ကြည့်လိုက်ပါ.....◇

>>>>>>>>>>>>>>>>>>>>>>>>>>

♡♡part-7♡♡

◇ချစ်ရသူရဲ့စကားတစ်ခွန်းကြောင့်
ပျော်ရွှင်ရသလို...
မဆင်မခြင်စကားတစ်ခွန်းက
ပိုချစ်ရသူမှာနာကျင်ရစမြဲ....◇

◇ဘယ်လောက်ချစ်နေတဲ့ချစ်သူနှစ်ဦး
ဖြစ်ပါစေ.....ကိုယ်မုန်းတဲ့အရာကို
လုပ်ခဲ့မိရင် အနည်းနဲ့အများ
စိတ်ဆိုးစိတ်ကောက်တာတော့
ရှိစမြဲပင်........◇

>>>>>>>>>>>>>>>>>>>>>>>>>

♡♡part-8♡♡

◇အချစ်ကြောင့်ပဲ လူတွေကနူးညံ့ကြသည်
အချစ်ကြောင့်ပဲ လူတွေကကြမ်းတမ်းကြသည်
အချစ်ကြောင့်ပဲ လူတွေကချစ်တတ်လာကြသည်
အချစ်ကြောင့်ပဲ လူတွေကမုန်းတတ်လာကြသည်
အချစ်ကြောင့်ပဲ လူတွေကပြောင်းလဲလာကြသည်
အချစ်ကြောင့်ပဲ လူတွေကအတ္တကြီးလာကြသည် ◇

Hate Vs. Love▪︎Completed▪︎Where stories live. Discover now