21

245 38 4
                                    

Unicode

ကုန်းကျွင်းကတဆစ်ဆစ်ထိုးကိုက်လာတဲ့ခေါင်းကြောင့်နားထင်တွေကိုလက်နှင့်ဖိထားလိုက်မိသည်...မျက်လုံးတွေကိုအားယူကာဖွင့်ကြည့်မိတော့ပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မဲတိတ်ဆိတ်နေလေသည်....သူအခန်းအတွင်းမှယိုင်နဲ့နဲ့ခြေလှမ်းတွေနှင့်အတူအောက်ထပ်သို့လှေကားအတိုင်းဆင်းလာဖြစ်တော့သည်....

သူ့ခြေသံခပ်ဖွဖွမှလွှဲလျှင်အရာအားလုံးဟာတိတ်ဆိတ်ငြိမ်သက်လျှက်သာရှိနေတော့သည်...ခြောက်ကပ်နေသောအခန်းငယ်ကမည်သူမှနေမသွားဖူးသည့်အလားအထီးကျန်ဆန်ဆန်တည်ရှိနေတော့သည်...ကုန်းကျွင်းကဧည့်ခန်းဆိုဖာမှာဝင်ထိုင်လိုက်ရင်းမျက်လုံးတွေကိုမှိတ်ချလိုက်တော့သည်....သူကဘာတွေကိုများမျှော်လင့်တကြီးလိုချင်နေသေးတာလဲဆိုတာကိုသူကိုယ်တိုင်တောင်သေချာမသိတော့ချေ....ထိုကဲ့သို့မရေရာမှုများထဲမှာသူ့နှလုံးသားကဒဏ်ရာဗလပွဖြစ်နေခဲ့ရတော့သည်...

ကားပြုတင်းပေါက်ကတစ်ဆင့်မြင်နေရသောရှူ့ခင်းတွေကိုသာသူအကြောင်းမဲ့ငေးကြည့်နေမိတော့သည်...ရှောင်ဖေးကသူ့ပေါင်ပေါ်မှာငြိမ်ငြိမ်လေးအိပ်လို့နေလေသည်...သူရှောင်ဖေးကိုခပ်ဖွဖွပွတ်သတ်လိုက်ရင်းရစ်သိုင်းလာတဲ့မျက်ရည်တွေကျဆင်းမလာစေရန်မျက်လုံးတို့ကိုမှိတ်ချထားလိုက်တော့သည်...

သူကားပေါ်မှဆင်းကာကျန်းရှီးမြေကိုခြေချလိုက်သည်နှင့်သူ့ရင်ထဲသို့ခံစားချက်တစ်ချို့တိုးဝင်လာတော့သည်...ဝမ်းနည်းမှုတို့နှင့်အတူနွေးထွေးမှုတို့ရောထွေးနေသောခံစားချက်ကမွေးရပ်မြေဟူသောအသိကြောင့်ဖြစ်မည်ထင်သည်...သူ့လွယ်အိတ်ထဲကရှောင်ဖေးကလည်းအပြင်ကိုငေးကြည့်နေသည်မို့သူလွယ်အိတ်လေးကိုလွယ်လိုက်ရင်းပြောမိတော့သည်...

"ဖေကြီးတို့အိမ်ရှာထွက်ကြတာပေါ့!"

ကျယ်ဟန့်လက်ထဲတွင်ပိုက်ဆံများများစားစားမရှိပေမဲ့လို့အခန်းငှါးဖို့လောက်တော့ရှိသည်မို့သူငယ်ငယ်ကနေခဲ့ဖူးသောရပ်ကွက်လေးဆီသို့ထွက်လာခဲ့တော့သည်...သူဒီမှာနေရင်းအလုပ်လုပ်တစ်ခုခုတော့ရနိုင်ကောင်းပါရဲ့လို့လည်းတွေးနေမိလေသည်...အရာအားလုံးကိုမြုပ်နှံလို့သူကဘဝသစ်တစ်ခုကိုစတင်ချင်ခဲ့ရုံပါ။

Gardenia  (Complete)Where stories live. Discover now