Zawgyi
December ဆောင်းညရဲ့ ချမ်းအေးမှုက
အသည်းခိုက်မတတ်ပင်....
ထိုချမ်းအေးလှတဲ့အအေးဓာတ်ကြောင့်
ချစ်သူနှစ်ဦးကစောင်တစ်ထည်ကိုအတူခြုံ
ရင်းအိပ်ရာပေါ်မှာပူးပူးကပ်ကပ်နှင့်
တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြသည်
မှာကြားလေသွေး၍မရအောင်ပင်...ညကလည်းညဥ့်နက်မှတိုက်ခန်းပြန်ရောက်ပေမယ့်
နံနက်၃နာရီထိုးသည့်တိုင် အိပ်မပျော်
နိုင်သေးတဲ့ရှောင်ကျန့်ကို ခပ်တင်းတင်း
ဖက်ရင်း ရိပေါ်ပါမအိပ်ဖြစ်တော့ပေ...."baby..မနက်ဖြန်အလုပ်သွားရမယ်
မဟုတ်လား...""ဟင့်အင်...စနေနေ့လေ စီနီယာ..."
"ဘာဖြစ်ဖြစ် အိပ်ပျော်အောင်အိပ်ပါဦးလား..
babyရဲ့....ကျန်းမာရေးထိခိုက်လိမ့်မယ်လေ.."ခဏတာတိတ်ဆိတ်သွားတဲ့ရှောင်ကျန့်က
ရိပေါ်ရင်ဘတ်နားမျက်နှာအပ်ကာခါးကို
ဖက်ထားသည်...."ငါအိပ်ပျော်နေတုန်း ခင်ဗျားပျောက်သွား
ရင် ဘယ်လိုလုပ်မလဲစီနီယာ..ဟင့်...
နေ့တိုင်းအဲလိုပဲ...ငါအိပ်ပျော်နေရင်
ခင်ဗျားရင်ခွင်ထဲရောက်နေပေမယ့်..ငါ..ဟင့်..
ငါမျက်လုံးဖွင့်လိုက်ရင် ခင်ဗျားက ဟင့်..
ငါ့အနားမှာမရှိတော့ဘူး..တစ်ခါတစ်ခါ..
ခင်ဗျားက ငါ့မျက်စိရှေ့မှာ ရှိနေပေမယ့်
ငါထိကိုင်လိုက်တိုင်း ပျောက်ကွယ်သွားခဲ့တာ..
ဟင့်..အဲလိုတွေကြုံရတိုင်း...ဟင့်..အဲလိုတွေ
ခင်ဗျားကိုမြင်နေရတိုင်း...ငါ..ငါ..ဟင့်.."◇မင်းမရှိတဲ့နေ့ရက်တွေဟာ
ငါ့အတွက်နေရောင် လရောင်မရှိတဲ့ကမ္ဘာ။မင်းမရှိတဲ့နေ့ရက်တွေမှာ
ငါဟာပုံရိပ်ယောင်လိုကမ္ဘာထဲမှာ
ဖြတ်သန်းခဲ့ရတယ် ဆိုတာ
မင်းသိပါ့မလားချစ်ရသူ။မင်းရဲ့ပုံရိပ်လေးတွေကိုမြင်တိုင်းထိတွေ့ချင်ပေမယ့်
တိမ်ဆိုင်တွေလိုပျောက်ကွယ်သွားတတ်လို့
ငါဟာ ဒီအတိုင်းလေးပဲ ငေးကြည့်နေခဲ့ရတယ်။ ။◇ခုအချိန်မှာ ရှောင်ကျန့်အတွက် အောင်မြင်မှု
တွေရနေတဲ့ designer တစ်ယောက်ပေမယ့်
စီနီယာမပါဘဲဖြတ်သန်းခဲ့ရတဲ့အချိန်တွေက
သူ့အတွက်ကြမ်းတမ်းလွန်းခဲ့ပါသည်.....
YOU ARE READING
Hate Vs. Love▪︎Completed▪︎
Teen Fictionunicode ဒါဆို အရာအားလုံးက အတုအယောင်တွေပေါ့ ဟုတ်လား ရှောင်ကျန့်...... ငါမှားသွားပါတယ်....ငါပဲမှားသွားခဲ့တာပါ.... တောင်းပန်ပါတယ်....... (Wang yi bo) ဒါပေမယ့် ငါခင်ဗျားကို တကယ်ချစ်ခဲ့တယ်လေ စီနီယာ.... (Xiao Zhan) zawgyi ဒါဆို အရာအားလုံးက အတုအေယာင္ေတြေပါ...