Unicode
ခြံဝန်းကျယ်ကြီးထဲကိုချိုးကွေ့ကာဝင်လာသောကားလေးပေါ်မှအထက်တန်းကျောင်းယူနီဖောင်းလေးတွေဝတ်ထားသောကောင်လေးနှစ်ယောက်ပြေးဆင်းလာလေသည်...
"ကျွင့်ကျွင့်!မပြေးနဲ့လေ!"
ခြံဝန်းထဲကပန်းပင်တွေကြားထဲမှာထိုင်ရင်းစာအုပ်တစ်အုပ်ကိုဖတ်နေတဲ့ကုန်းချင်းဝမ်ကပြေးလွှားနေတဲ့ညီဖြစ်သူကြောင့်အော်ဟစ်သတိပေးလိုက်မိသည်...
"ကော...ကျွန်တော့်သူငယ်ချင်းကိုအိမ်လည်ခေါ်လာတယ်..."
အပြုံးတွေနဲ့အတူသူ့ဆီသို့လျှောက်လာတဲ့ကုန်းကျွင်းကပြောလာလေသည်...
"လင်းယွမ်တဲ့...ကျွန်တော့်ဘေးမှာထိုင်တဲ့သူငယ်ချင်းလေ..."
ကုန်းကျွင်းကအခုမှအသစ်စက်ရလာတဲ့သူငယ်ချင်းကိုအကိုဖြစ်သူကာကြွားလို့နေသည်...
"ဟုတ်ပါပြီ...လင်းယွမ်ကကျွင့်ကျွင့်သူငယ်ချင်းဆိုတော့ကောရဲ့ညီလေးပဲပေါ့..."
စီတန်းနေတဲ့သွားလေးတွေပေါ်လာသည်အထ်ိပြုံးရင်းပြောလာတဲ့ကုန်းချင်းဝမ်ကိုလင်းယွမ်ကငေးကြည့်လို့နေသည်...
"လာ...လင်းယွမ်...ငါတို့Legoသွားဆက်ကြမယ်..."
ကုန်းကျွင်းကသူ့လက်မောင်းကိုတို့ကပြောလာချိန်မှပင်လင်းယွမ်အသိပြန်ဝင်လာတဲ့လူလိုမျိုးကုန်းချင်းဝမ်ကိုပြန်လှည်ပြုံးပြမိတော့သည်...ထို့နောက်တွင်တော့ကုန်းကျွင်း၏အခန်းရှိရာဆီသ်ို့ထွက်လာခဲ့တော့သည်....
.
.
.ကုန်းကျွင်းအခန်းတံခါးလေးကိုအသာဟကာအခန်းအတွင်းသို့ကြည့်မိတော့ခန္ဓာကိုယ်ကွေးကွေးလေးနှင့်ကျောပြင်သေးသေးလေးကိုတွေ့လိုက်ရလေသည်...သူအခန်းအတွင်းသို့ခြေသံမထွက်အောင်ခပ်ဖွဖွလျှောက်ရင်းဝင်လိုက်ပြီးအိပ်မောကျနေပုံရတဲ့လူသားလေးရဲ့ရှေ့မှာဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်တော့သည်...မျက်နှာလှလှလေးအနားမှာရှိနေတဲ့လက်ဖမိုးနီနီလေးကိုမြင်မိတော့ကုန်းကျွင်းကိုယ့်ကိုကိုယ်သာကျိန်ဆဲမိတော့သည်...
YOU ARE READING
Gardenia (Complete)