ကားရေဆေးဆိုင်မှ ထွက်လာပြီး ယန်ကျင်းဇီသည် အိမ်တွင် လိုအပ်သော နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူလိုက်ပြီးမှ ကျောင်းသို့သွားသည်။
ယနေ့သည် စနေနေ့ဖြစ်သော်လည်း ကျောင်းကန်တင်းတွင် စားစရာများကို ဈေးချိုချိုဖြင့် ရောင်းချနေဆဲဖြစ်သည်။
ယန်ကျင်းဇီသည် ကြက်ခြေထောက်ခြောက်စုံ၊ မိုးခိုသားအတုံးကြီးခြောက်တုံး၊ အရွက်ဟင်းအမျိုးနည်းနည်းနှင့် လူနှစ်ယောက်စာထမင်းတို့ကို ဝယ်ပြီး အိမ်ပြန်သွားသည်။
နေ့လယ်ပိုင်း သူနှင့်အဖွားကျန်းတို့သည် ကြက်ခြေထောက်၊ဝက်သားတုံးကြီးများ၊ အရွက်ဟင်းများနှင့် ထမင်းစားလိုက်ကြသည်။ သူတို့၏ဝမ်းဗိုက်များလည်း ဖောင်းကားပြည့်လျှံနေတော့သည်။ စားပြီးသည့်နောက်မှာတော့ သူက ကျောင်းကို ပြန်သွားပြီး ဆန်ခေါက်ဆွဲများနှင့် အရွက်ဟင်းများကို ထပ်ဝယ်လာခဲ့သည်။
အနာဂတ်မှာ အသားဟင်းများကို ကျောင်းကဝယ်စားပြီး ထမင်းနှင့်ဟင်းသီးဟင်းရွက်များကိုတော့ အိမ်မှာချက်စားဖို့ သူ ဆုံးဖြတ်ပြီးသွားပြီ။ ဤနည်းဖြင့် သူတို့သည် ငွေလည်းစု၊ ကျန်းမာရေးနှင့်ညီညွတ်သော စားစရာများကိုလည်း စားနိုင်လိမ့်မည်။
ဒီအတိုင်းဆို အဖွားကျန်းက သူ(မ) အရမ်း ကောင်းကောင်းမွန်မွန် စားသောက်နေရသည်ကလွဲ၍ ကျန်တာများကို စဉ်းစားနိုင်တော့မည်မဟုတ်။
ရွာသူရွာသားများသည် ' တံမြက်စည်းကြယ် ' နာမည်ပြောင်ပိုင်ရှင်အဖွားအိုကို ဘယ်တော့မှ မကြည်ဖြူပေ။ ယခုချိန်တွင် သူ(မ) မြို့ကြီးမှာနေရတာကို မကောင်းဘူးလို့ မထင်တော့ချေ။ အိမ်မှာ သူ(မ) တစ်ယောက်တည်းရှိနေရတာကိုလည်း အဆင်ပြေသည်။ သူ(မ) ဂရုတစိုက်နေရမည် ဟု သာ သူ(မ) တွေးထင်မိလေသည်။ သူ(မ) နေရာမရွှေ့ရဲသော ပစ္စည်းများစွာ အိမ်မှာ ရှိသည်။ ဒါပေမယ့် သူ(မ) သည် သူ(မ)၏ အခန်းထဲက တီဗီကို ဖွင့်ကြည့်တတ်နေပြီဖြစ်သည်။
အဖွားအိုသည် မန်ဒရင်းဘာသာစကားကို နားမလည်သော်လည်း သူ(မ)က ဇီဇာမကြောင်ဘဲ ကြော်ငြာများကိုပင် စိတ်ဝင်တစားကြည့်ရှုသည်။