နားထင်ဖက်ကို နမ်းရှိုက်ရင်း ယုံကြည်ချက်အပြည့်ဖြင့်ဆူဟို့ကို မျက်ခုံးပင့်ပြနေတာမြင်တော့ အချိန်တိုင်း သိပ်ကို အရေးတယူရှိမှုကို လိုလားပါသော လူကြီးအားအနည်းငယ်သော ကြင်နာမှု အမှတ်ကလေးတွေ စွန့်ကြဲ
ပေးလိုက်ပါသည်။

"သေချာတာပေါ့ အထူးသဖြင့် Zhang Group ရဲ့ CEOဆိုမှတော့ ကျိန်းသေ တန်ဖိုးထားရမှာ"

မေးရိုးထင်းထင်းနားကို "မွ"ခနဲ ခပ်သွက်သွက် အနမ်းပေးရင်း ခေါင်းညိတ်ပြလိုက်တော့ ကျေနပ်ပုံမရတဲ့ လူကြီးဟာ မျက်နှာကြီး တည်ကျသွားပြန်သည်။

"ကလေးကျနေတာပဲ...တကယ်ပါပဲ"

ဦးရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲယူပြီး နှုတ်ခမ်းဖျားကို နူးနူးညံ့ညံ့လေး အနမ်းပေးတော့မှသာ ရိုးဖြောင့်မှုမရှိသူရဲ့ နှုတ်ခမ်းထောင့်တဖက်က ကော့တက်သွားပြီးလက်တဖက်မှ ဆူဟို့ရဲ့ ခေါင်းအနောက်ဖက်ကို ထိန်း ကိုင်ကာ ကျန်တဖက်က ကျောပြင်ကို ပွေ့ဖက်ထားရင်းသူ့ စိတ်တိုင်းကျ နစ်မြောဖွယ် အနမ်းပွင့်များကို ချယ်လှယ်တော့သည်။

နူးညံ့ညင်သာသော အနမ်းတို့၌ နက်ရှိုင်းသိမ်မွေ့သော ယုယခြင်းတို့ဖြည့်စွက်ကာ တဦးနှင့် တဦး စက္ကန့်ရေအတော်ကြာ ရစ်တွယ်နေခဲ့ကြလေ၏။အကြိမ်ပေါင်း များစွာ နမ်းရှိုက်ဖူးခဲ့ကြသည့်ကာလများမှာပင် အခေါက်တိုင်းက မတူညီသည့် ကြည်နူးချိုမြိန်ခြင်းတွေပေးစွမ်းနေသည်က အံ့ဩလောက်စရာပင်။

ငြီးငွေ့သွားဖို့နေနေသာသာ မြတ်နိုးစွဲလမ်းရသော အကြင်နာတရားတို့၌ စက္ကန့်မလပ် တမ်းတမက်မောခြင်းတို့သာ မြစ်တွယ်လာရသည်မို့ မိန်းမောဖွယ်အနမ်းတို့ရပ်တန့်သွားမှာကို စိုးသည့်အလား အပြန်အလှန် ရုန်းထွက်ရန် ခဲယဉ်းသော အနမ်းရေလှိုင်းတို့၌ အချိန်များကိုပင် မေ့မေ့ပျောက်ပျောက် ဖြစ်ရသည်အထိ နမ်းရှိုက်မိနေလေခြင်း။

အသက်ရှူဖို့ လိုအပ်လာတော့မှသာ ထိကပ်နေသည့် နှုတ်ခမ်းသားတို့ကို အကွာအဝေးခြားစေပြီး နဖူးထက်၌အနမ်းနုနုတပွင့် သက်ဆင်းပေးသည်။ထို့နောက် တိုးရှရှအသံတို့ဖြင့် နားအနားကပ်ကာ ရယ်သွမ်းလျက် ပြော
လာ၏။

COTTON CANDYWhere stories live. Discover now