58. The Assessment (3)

Start from the beginning
                                    

ဆိုရိုးတစ်ခုလိုပေါ့၊ ငါ့ကိုချစ်ရင် ငါ့ခွေးကိုချစ်ပါ။ ငါနှစ်သက်တဲ့အရာကို မုန်းရင် ငါ့ကိုမုန်းပါ။

ဦးလေးဖြူက သူ့သခင်လေး နှစ်ကြိမ်တိတိ အနိုင်ကျင့်ခံရတာကို အတော် မခံမရပ်နိုင် ခံစားသွားရပြီး အဲ့တာကြောင့် ဒီတစ်ကြိမ်တော့ ဖုန့်ရှီရဲ့ ခွန်အားနဲ့ အဆင့်အတန်းမြင့်မားမှုတို့ကို လူတိုင်းရှေ့ ပြဖို့အတွက် ငရဲမင်းကြီးရဲ့ အမည်ကို အသုံးပြုပြီး ဖုန့်ရှီအတွက် ထင်းထွက်နေတဲ့ သွင်ပြင်ဖြစ်စေဖို့ သူ စီစဉ်ခဲ့တာဖြစ်တယ်!

အဲ့တာက ဒီနေ့ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်အတွက် အကြောင်းရင်းခံပါပဲ!

ဒါပေမဲ့ ဖုန့်ရှီက အဲ့တာအကြောင်း ဘာမှမသိ၊ ကြောက်တတ်တဲ့ သတ္တဝါငယ်လေး ဖြစ်တဲ့ စာအုပ်နတ်ဘုရားက ဦးလေးဖြူရဲ့ ရည်ရွယ်ချက် အစစ်အမှန်အကြောင်းကို ဖုန့်ရှီကို မပြောပြရဲဘူး။

"အာ၊ ဒီမှာ ဘာဖြစ်သွားတာလဲ? ဘာလို့ လူတိုင်းက ငါတို့ကို ကြည့်နေကြတာလဲ?" ဖုန့်ရှီက နောက်ဆုံး ဦးလေးဖြူထံကနေ အကြည့်ခွါလိုက်တဲ့အခါမှာ မူမမှန်တာကို သတိပြုမိသွားတယ်။

အစိမ်းရောင် ငရဲသားအဖွဲ့တစ်ခုလုံးက ကြောက်စရာကောင်းလောက်အောင် တိတ်ကျသွားတယ်။ အဲ့မှာရှိတဲ့ လူအများစုက အံအားသင့်စရာ တစ်စုံတစ်ရာ ဖြစ်သွားတဲ့အလား ငွေရောင်ကျားကို ပါးစပ်အဟောင်းသားနဲ့ အံ့အားတသင့် ကြည့်နေကြတယ်။ အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ခန်းမက အုတ်အုတ်သောင်းသောင်း ပြန်ဖြစ်သွားပြီး လူအုပ်ကြီးထဲကနေ လူတွေကလည်း ဆက်လက် အော်ဟစ်နေကြတယ်...

"သေစမ်း၊ အဲ့တာကြီးက အဆင့်မြင့် ငွေရောင်ကျားကြီး တစ်ကောင်ပဲ။"

"ဒါကြီးကတော့ အရမ်းကို ပွဲလုပ်လွန်းသွားပြီ။ ဘယ်သူကများ ဒီမှာ မှတ်ပုံတင်ဖို့ ငွေရောင်ကျားတစ်ကောင်ကို စီးလားမှာတဲ့လဲ? မိသားစုအကြီးတွေထဲက တစ်စုရဲ့ မျိုးရိုးမြင့် အထက်တန်းလွှာက ကလေးတစ်ယောက် ဖြစ်ရမယ်။"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now