58. The Assessment (3)

1.7K 318 3
                                    

အပိုင်း ၅၈။ အကဲဖြတ်မှု ()

အချိန်တိုအတွင်းမှာပဲ အခန်းထဲမှာ ဘာအသံမှ မကြားရတော့ဘူး။

အကဲဖြတ်မှု အသေအချာ မလုပ်ရသေးဘဲ တဲထဲမှာပဲ ပျင်းပျင်းရိရိထိုင်နေတဲ့ ဖုန့်ရှီက ပြင်းထန်တဲ့ရောင်ခြည်ကြောင့် ကြောက်လန့်သွားပြီး ချက်ချင်းပဲ မတ်မတ်ထိုင်လိုက်တယ်။ ဦးလေးဖြူက အေးစက်စက် အငွေ့အသက်တွေ ထပ်ပြီး ထုတ်လွှတ်နေပြန်ပြီလို့ သူ ပထမက ထင်လိုက်တယ်၊ အဲ့တာကြောင့် ငိုက်မြည်းနေရာကနေ ချက်ချင်း နိုးကြားသွားတယ်။ ဖုန့်ရှီက သူ့ရဲ့ မျက်လုံးတောက်တောက်တွေကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ချက်ချင်းပဲ ဦးလေးဖြူရဲ့ ပုံသဏ္ဍာန်ကို မြင်လိုက်ရတယ်။

စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က တဲအပြင်ဘက်က ဆွံ့အကြောင်အမ်းသွားတဲ့ လူတွေကို ပိတ်ကျဲစလိုက်ကာကြားကနေ မြင်လိုက်ရတော့ နှုတ်ခမ်းတို့ တွန့်သွားပြီး ပြောစရာစကားတို့ ပျောက်ရှသွားကြတယ်။

ဒါကြီးက မထင်ပေါ်အောင် နေတယ်လို့ ခေါ်တာလား? ထင်းထွက်နေအောင် လုပ်တာနဲ့ ပိုတူမနေဘူးလား! ဦးလေးဖြူက ဖုန့်ရှီရဲ့ ဖြစ်တည်မှုကို လူမသိမှာ ကြောက်လို့ တမင်လုပ်နေသလိုနဲ့တောင် တူနေတယ်! ဒါ ဦးလေးဖြူ တမင်တကာ လုပ်တာပဲဆိုတာ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ လောင်းရဲတယ်။ ဖုန့်ရှီ နောက်ဆုံးနှစ်ခေါက် အပြင်ထွက်တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေကြောင့် ဦးလေးဖြူက ဖုန့်ရှီဟာ ဘယ်တစ်ယောက်ကမှ မစော်ကားနိုင်တဲ့ မြင့်မြတ်တဲ့ အထက်တန်းလွှာတစ်ယောက် ဆိုတဲ့အနေနဲ့ လူတိုင်းကို သိစေချင်တာ ဖြစ်ရမယ်။

နောက်ဆုံးတော့ ဦးလေးဖြူရဲ့ ဥပက္ခာသွင်ပြင်ကလွဲရင် သူက တကယ်တော့ နွေးထွေးတဲ့ နှလုံးသားရှိတဲ့သူတစ်ယောက်၊ အင်း... သူ့သခင်တွေအပေါ်ကိုပဲပေါ့။

စာအုပ်နတ်ဘုရားက သူ့ကိုယ်ခန္ဓာအစစ်နဲ့တောင် ကျိန်ရဲတယ်၊ ဦးလေးဖြူက ဖုန့်ရှီကို အတော် သဘောကျတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးက သူ့အချစ်တွေကို ဖော်ပြရာမှာ မတော်ဘူး၊ ဒါ့ကြောင့် အခြားသူတွေက သူ့ကို စာအုပ်ကြီးသမား တစ်ယောက်အနေနဲ့ ယူဆကြပြီး လူတိုင်းကို အတူတူ ဆက်ဆံတဲ့ ဥပက္ခာသမားလို့ ယူဆကြတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now