မောင့် မူပိုင်ရှင်
အပိုင်း(22)"မူပိုင်ရေ သမီး ဟော်တော် ဘယ်ရောက်သွားပါလိမ့်"
မူပိုင် မေမေ့အသံကြားသည်နှင့် ချက်ချင်းပဲ မှိတ်ထားသောမျက်လုံးများပြူးသွားပြီး သူမအပေါ်က ဇိမ်း ကို အားကုန်တွန်းပစ်လိုက်၏။
"အ...."
မူပိုင်ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။
အင်္ကျီကိုဆွဲချ၍ ဆံပင်တွေပြန်သပ်နေစဥ်"ဘာလို့ ပိတ်တွန်းတာလဲ"
ဇိမ်း နှုတ်ခမ်းကို လက်ဖမိုးဖြင့်ဖိပွတ်၍ မေးလိုက်သည်။ မူပိုင် သူ့ကိုဂရုမစိုက်နိုင် အခန်းတံခါးအားသွားဖွင့်ပြီး
"မေမေ မူပိုင် တို့ကဒီမှာ ဟင်းဟင်း ဇိမ်းက မူပိုင့်အခန်းထဲရောက်ဖူးချင်တယ်ဆိုလို့"
"သြော် မေမေ ကပျောက်သွားလို့ လိုက်ရှာနေတာ ဒီမယ် သမီးတို့အိမ်အတွက် ဟင်းတွေထည့်ပေးလိုက်မလို့"
ဒေါ်ရွှေမိက လက်ထဲကပလက်စတစ်ဘူး တွေထည့်ထားသော အိတ်နှင့် ချိုင့်တစ်လုံးကို ပြသည်။
"မေမေ ရယ် ရပါတယ် အပင်ပန်းခံလို့ မူပိုင်တို့စားရတာအဆင်ပြေပါတယ် "
"သမီးရယ် လာတုန်းလေးပေးချင်လို့ပါ "
မူပိုင် အခန်းထဲကနေ ထွက်သွားပြီး နောက်လှည့်ကြည့်ကာ ဇိမ်း အား လက်ပြကာ ထွက်လာဖို့အချက်ပြလိုက်သည် ။ဇိမ်း သွားစွယ်လေးပေါ်သွားအောင် ပြုံးရယ်လိုက်ကာ ထွက်လာခဲ့ပါသည် ။
"သမီးတို့ကဆိုင်ကယ်နဲ့လာတာမဟုတ်လား မင်းကလည်း ဒီဘူးတွေနဲ့ချိုင့်ကိုဘယ်လိုသယ်မလဲ ခြင်းတောင်းလေးနဲ့ထည့်ပေးလိုက်ပါကွာ"
ဦးမြင့်ဦး က ဒေါ်ရွှေမိ ချထားသော ဧည့်ခန်းစားပွဲပေါ်က ဟင်းထည့်ထားသော ဘူးတွေနဲ့ချိုင့်အားကြည့်ကာ ပြောလိုက်သည်။
"ဟုတ်တော့ဟုတ်တယ် မေမေ သမီး အရင်က ထမင်းချိုင့်ထည့်တဲ့ ခြင်းလေးရှိသေးတယ်မဟုတ်လား"
"အေး ရှိတယ် ခဏမေမေ ယူပေးမယ် "
ဒေါ်ရွှေမိ အနောက်သို့ခပ်သုတ်သုတ်သွားလေ
သည်။
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...