မောင့် မူပိုင်ရှင်
အပိုင်း(18)ဇိမ်းတို့အိမ်နှင့် အနီးဆုံး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ထိုင်ဖြစ်ခဲ့ကြသည်။
"နောက်တစ်ခါ မူပိုင်ရှင် ရဲ့ရှေ့မှာ ကေကေး အကြောင်းမပြောနဲ့"
ဇိမ်းက စီးကရက် ကို လက်နှစ်ချောင်းညှပ်ပြီးပြောလိုက်သည်။
"အေးပါကွာ ငါတို့ကလည်း မမူပိုင် ကနောက်ဖေးမှာ ဆိုပြီး ပြောလိုက်တာ "
"ကြားသွားမှာပေါ့ကွ "
ဇိမ်းက သူရ နောက်စေ့ ကိုတစ်ချက်ရိုက်လိုက်သည်။
"မင်းကလည်း မကြားစေချင်တာ ရိုးရိုးမဟုတ်ဘူး ပိုကို ပိုတယ်"
မင်းသန့်က ရေနွေးကြမ်းငှဲ့ကာမေးပါသည်။
"သူက ငါနဲ့ ကေကေး စကားများတာကို မြင်ဖူးတယ် ပြီးတော့ ကေကေး ကြောင့်လည်း ငါနဲ့သူ ရန်ဖြစ်ဖူးတယ် "
"ဟင် အဲ့တာဆို မင်းရဲ့မမ ကသိတယ်ပေါ့ "
"ကောင်းကောင်းတော့မသိဘူး ဒါပေမဲ့ သူကလည်း ငါ့ကို မပြောပြခိုင်းဘူး ငါလည်းမပြောပြချင်ဘူး ငါနဲ့ ကေကေးက ဘာမှမဆိုင်တာ "
"အေး ကေကေးနဲ့သေသေချာချာတော့ရှင်းသင့်တယ်ကွ "
မင်းသန့်စကားကို အစကောက်ပြီး သူရက
"ရှင်းသင့်တာကဟုတ်တယ် ကေကေး ကခေါင်းသိပ်မာတာ အစွဲအလမ်းကြီးတာကွ မင်းကို ၉တန်းကတည်းက ချစ်တာဆိုပြီးအခုထိ "
"တစ်နည်းအားဖြင့် ဇိမ်း ကရက်စက်တဲ့ ကောင် ဖြစ်ရောလား "
ဇိမ်းရဲ့စကားကြောင့် သူငယ်ချင်း၂ယောက်ကပြုံးလိုက်သည်။
"ဟုတ်လည်းဟုတ်တာပဲ မင်းနောက်ကနေတကောက်ကောက်လိုက်နေတဲ့ ကောင်မလေးတစ်ယောက်ကို မင်းမို့လျစ်လျှူရှုနိုင်တယ် ပြီးတော့ ရုပ်ဆိုးဆိုးလည်းမဟုတ် ချစ်စရာလေး "
"ငါမှ မချစ်တာ "
"အဲ့တာဆို မမူပိုင်ကျတော့ရော မင်းချစ်သလား "
သူရရဲ့မေးခွန်းက ဇိမ်းရဲ့ရင်ကိုတည့်တည့်ထိသည်။မျက်နှာတည်သွားကာ ငိုင်သွားပြီး
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...