မောင့် မူပိုင်ရှင်
အပိုင်း(13)"Morning မူပိုင် "
"Morning မသီ "မူပိုင့် အရင်စောရောက်နေသည့် မသီက နှုတ်ဆက်လိုက်သည် ။ မူပိုင်ကသူမရဲ့အတွင်းရေးမှူးနေရာတွင် စမတ်ကျကျ၀င်ထိုင်လိုက်ရာ
"မူပိုင် "
"ရှင် ဆရာ!"
မူပိုင် ချက်ချင်းမတ်တပ်ထလိုက်ပါသည်။"ဆရာ ပြောစရာရှိလို့ ခဏရုံးခန်းထဲလာခဲ့ပါ "
"ဟုတ်ကဲ့ "
မူပိုင် ဆရာနဲ့အတူ ရုံးခန်းထဲ၀င်လာခဲ့သည်။"ထိုင်ပါ "
"ဟုတ် "စားပွဲရှေ့မှာ မူပိုင်ထိုင်လိုက်ပြီး
"ဘာကိစ္စရှိလို့လဲ ဆရာ""မနေ့က ပဲ ဆရာတို့နှုတ်ဆက်ပွဲလုပ်ဖြစ်ကြတယ် "
"ရှင်?""sorry ကွယ် မူပိုင်က မနေ့ကလက်ထပ်တော့ ခေါ်ရမှာလည်းအားနာလို့ တကယ်တော့ ဆရာ ကပင်စင်ယူခါနီးပြီဆိုတာမူပိုင်လည်းသိတာပဲ"
"ဟုတ် ကဲ့ မူပိုင် သိထားပါတယ်"
"အင်း မနေ့ကပဲ ရုတ်တရက်ကြီး အကြောင်းစာရောက်လာတယ် CEOအသစ် ကပြောင်းလာပြီတဲ့ မူပိုင်က အရင်ကခွင့်ရက်ရှည်တင်ထားလို့ မသိလိုက်တာဖြစ်မယ် အဲ့တာကြောင့် ဆရာက မနက်ဖြန်ဆို ဖယ်ပေးရတော့မှာ"
"တောင်းပန်ပါတယ် ဆရာရယ် မူပိုင် အသိနောက်ကျသွားတယ် ဆရာ့ရဲအတွင်းရေးမှူးတစ်ယောက်လုပ်နေပြီး နှုတ်ဆက်ပွဲမှာတောင်မရှိနိုင်ခဲ့ဘူး "
"မဟုတ်တာ မူပိုင်က ဒီနေ့မှ ရုံးပြန်စတက်တာမဟုတ်လား ကိစ္စမရှိပါဘူး ဆရာတာ၀န်ယူစဉ်အတွင်းမှာ မူပိုင် အားလုံးကူညီပေးခဲ့တာတွေ ကို တကယ်မမေ့ပါဘူး ကျေးဇူးလည်းတင်တယ် "
"ဒါတွေက မူပိုင့် တာ၀န်ပါဆရာ "
"နောက် CEO အသစ်နဲ့လည်းအဆင်ပြေပါစေ မူပိုင့် အရည်အချင်းအားလုံးကို ဆရာပြောပြထားပါ့မယ် "
"ရပါတယ် ဆရာ မူပိုင် ကြိုးစားလိုက်ပါ့မယ် "
"ဟုတ်ပြီ ဒီနေ့တော့ အလုပ်နည်းလိမ့်မယ် နောက်ဆုံးနေ့ဆိုတော့ အချိန်စာရင်းလည်းမရှိဘူး ဆရာတာ၀န်ယူထားတာတွေလည်းအကုန်အပြီးသတ်ပြီးပြီဆိုတော့ "
YOU ARE READING
မောင့် မူပိုင်ရှင် (Completed) OC
Romance" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘူး "မာနတွေသိပ်ကြီးမပြနဲ့ ဒေါ်မူပိုင်ရှင် ခင်ဗျားကို အစ်ကို့ မိန်းမမို့လို့ အလျော့ပေးနေတာ နောက်ဆိုရ...