Unicode
ပိုင်ရွဲ့အတွက်ခပ်ပြီးသည့်အပြင်၊ ဆန်ပြုတ်အိုးထဲ၌ ဆန်ပြုတ်အနည်းငယ် ကျန်နေသေးသည်။ ချန်းနိုကအတော်လေးဆာလောင်ငတ်မွတ်နေသည်ထဖစ်ရာ ကျကျနနစားမည်ဟူသောအတွေးမျိုးမတွေးနိုင်တော့ပဲ မြေကြီးပေါ်တွင်သာထိုင်ချလိုက်ပြီး ကျန်နေသည့်ဆန်ပြုတ်တွေကိုသောက်သည်။
ရွာသားတွေကညဘက်တွင် အစောကြီးအိပ်လေ့ရှိကြပြီး ယခုတွင်လည်း မှောင်နေပြီဖြစ်သည်။ အရင်နေ့တွေတုန်းကဆိုလျှင် လျှိုကွမ်းကိုစ,နောက်နေရင်းနှင့်ပင် အချိန်တွေကုန်ဆုံးသွားသည်ကိုမသိလိုက်။ ယခုတော့ အိမ်မှာသူတစ်ယောက်ထဲကျန်နေခဲ့သည်ဖြစ်၍ အနည်းငယ်အထီးကျန်လာသည်။
ချန်းနိုကသက်ပြင်းချရင်းနှင့် မြေပြင်ပေါ်မှထ,သည်။ သို့သော် ရုတ်တရက်မိုက်ခနဲမူးဝေသွားပြီး ဒယီးဒယိုင်ဖြစ်သွားသည်။ သူ့ခြေထောက်အောက်က မြေပြင်ကယိုင်ထိုးနေသဖြင့် မြေပြင်ပေါ်သို့လဲကျလုမတတ်ဖြစ်သွား၏။ ချန်းနိုကလန့်ဖြတ်သွားပြီး၊ ဟန်ချက်ကိုထိန်းရန်အတွက် ဘေးကသစ်ပင်ကို အလျင်အမြန်ကိုင်သည်။ ယခုလိုဖြစ်ခြင်းက သွေးထဲမှာသကြားဓာတ်ပါဝင်မှု နည်းနေလို့များဖြစ်မည်လား?
သူထိုသို့တွေးမိပေမဲ့ အတန်ကြာငြိမ်နေလိုက်သည်အထိ မူးဝေမှုကမပျောက်သွား။ အတွေးတို့ကဖရိုဖရဲဖြစ်နေပြီး၊ လက်တွေ၊ခြေထောက်တွေကပါ ပျော့ခွေနေလာ၏။ နောက်ဆုံးတွင်တော့ သူ့ကိုယ်သူမထိန်းနိုင်တော့ပဲ မြေပြင်ပေါ်လဲကျသွားသည်။ သတိမလစ်သွားစေရန်အတွက် ချန်းနိုကခဏလောက်ထပ်ပြီးကြိုးစားလိုက်သော်လည်း အမှောင်ထုကသူ့အမြင်အာရုံတွေကို ဝါးမျိုသွားပြီးအသိစိတ်တို့ပျောက်သွားတော့သည်။
သူပြန်ပြီးသတိလည်လာသည့်အခါတွင် တစ်စုံတစ်ယောက်က သူ့ကိုသယ်၍လမ်းလျှောက်နေသည်ကို သတိပြုမိသွားသည်။ သူ့ခေါင်းကအောက်စိုက်နေပြီး၊ အားနည်းကာမူးဝေနေဆဲဖြစ်၏။ ယခုတွင်သူ့အင်အားတွေက နဂိုအင်အား၏တစ်ဝက်လောက်ပင်ပြန်မရသေး။ ချန်းနိုကပရမ်းပတာဖြစ်နေသည့် အတွေးတွေကို အစီစဥ်တကျဖြစ်စေသည်။
YOU ARE READING
တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့
FantasyOriginal Author - Sha Xiao Wan Eng translator - Reika Complete chapter - 131 This is my first translation.