အဲ့သူရဲ့၁၀မီတာပတ်လည်အတွင်းမှာ ဘယ်လေလွင့်ဝိညာဥ်တစ်ယောက်တစ်လေမှ ရပ်နေဖို့ရန် သတ္တိမရဲကြချေ။
တချိန်တည်းမှာပဲ ရွှေရောင်လေလွင့်ဝိညာဥ်ဟာ ဘဝသုံးဆက်ကျောက်တုံးပါ် လဲလျောင်းနေပြီး နှုတ်ခမ်းစုပ်ရင်း နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေလေရဲ့။ သူ ဒီမှာ ဘယ်ကတည်းက အိပ်နေမှန်း ဘယ်သူမှမသိကြပေ။
သူ့ပတ်ပတ်လည်ကအေးစက်မှုကို ခံစားမိသွားပုံပေါ်သွားပြီးနောက် အအေးကြောင့် ကွေးကွေးလေးလုပ်လိုက်ပြီး အဆုံးမတော့ သူတဖြည်းဖြည်း နိုးလာတော့သည်။
သူ့မျက်ဝန်းနက်တွေက နံနက်ခင်းကြယ်တစ်ခုအလားတောက်ပလို့ နေသည်။ သူ့မျက်ဝန်းအစုံမှာထင်ဟပ်နေတဲ့ အားကျဖွယ်ကောင်းလောက်တဲ့အလင်းတန်းက အခြားလေလွင့်ဝိညာဉ်တွေကို ဘဝသုံးဆက်ကျောက်တုံးထက်ပိုပြီး ဆွဲဆောင်နေ၏။
ဒါပေမယ့်လည်း သူတို့တွေ အဲ့အလင်းတန်းကို တစ်ချက်ပဲ ကြည့်လိုက်နိုင်ပြီး အဝေးကို အကြည့်လွှဲလိုက်ကြရသည်။ ကြာကြာကြည့်မိရင် သူတို့ကိုယ်တွင်းမှာ တင်းကျပ်မှုတစ်ခုခံစားလိုက်ရပြီး စိတ်နှလုံး ယိုယွင်းစပြုလာကြလို့ ဖြစ်သည်။
ရွှေရောင်လေလွင့်ဝိညာဉ်က ဘဝသုံးဆက်ကျောက်တုံးပေါ်တက်လိုက်သည်။ အခြားလေလွင့်ဝိညာဉ်တွေက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ကြပေမယ့် တစ်ဝက်တစ်ပျက်နဲ့ရုတ်တရက်ရပ်တန့်သွားပြီးဘဝသုံးဆက်ကျောက်တုံးကို ဗလာသပ်သပ်စိုက်ကြည့်နေတဲ့သူ့ကို မျက်စိထောင့်ကနေ ရိုးတိုးရိပ်တိတ်မြင်လိုက်ကြသည်။
ဘာဖြစ်သွားတာလဲဆိုတာတော့ သူတို့တွေမသိကြပေမယ့် သူ့အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝကို ဘဝသုံးဆက်ကျောက်တုံးက ရောင်ပြန်ထင်ဟပ်ပြသနေတာဖြစ်ရမယ်လို့ သူတို့ယူဆလိုက်ကြ၏။
"တကယ်ကိုပဲ ဒါရှိခဲ့တယ်!"
ရွှေရောင်လေလွင့်ဝိညာဉ်က ကျောက်တုံးကို ပြင်းထန်စွာပုတ်လိုက်ရင်း သူ့အတိတ်ဘဝပြသမှုကို ကျော်လိုက်ပြီး ပြောလိုက်သည်၊ "ငါ့လက်ရှိဘဝကို မြင်ချင်တယ်"
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...
2. The Golden Wandering Soul
Start from the beginning