2. The Golden Wandering Soul

6.9K 807 8
                                    

Please scroll down for Zawgyi font

အပိုင်း ၂။ ရွှေရောင်လေလွင့်ဝိညာဉ်

လူတစ်ယောက်ရဲ့ အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝကို ဘဝသုံးဆက်ကျောက်တုံးက ထင်ဟပ်ပေးနိုင်သည်တဲ့။

ကျောက်တုံးက တစ်ခုလုံးအစိမ်းရောင်ဖြစ်နေပြီး စိမ်းတာမှ မှန်လို ထွင်းဖောက်မြင်ရတဲ့ ချောမွတ်နေတဲ့ကျောက်စိမ်းတုံးအတိုင်းကို ကြည်တောက်ပြီး စိမ်းတာဖြစ်သည်။ ဒါပေမယ့် အဲ့ကျောက်တုံးရဲ့မျက်နှာပြင်မှာတော့ "အခြားတစ်ဖက်သို့အမြန်သွား" လို့ ကြက်သွေးရောင်နဲ့ စာလုံးခြောက်လုံး ရေးထွင်းထားသည်။

လေလွင့်ဝိညာဥ်တွေက အတိတ်ဘဝနဲ့ လက်ရှိပစ္စုပ္ပန်ဘဝကို ထိုဘဝသုံးဆက်ကျောက်တုံးကနေ ကြည့်မြင်နိုင်ကြသည်။ ရည်ရွယ်ချက်ကတော့ အဲ့ဒီ့ဝိညာဥ်တွေ အတိတ်ကိုမေ့သွားပြီး စောစောပြန်ဝင်စားကာ ဘဝသစ် စနိုင်စေဖို့ဖြစ်သည်ပင်။

​အခု လေလွင့်ဝိညာဥ်တွေအတော်များများ ငိုငြီးသံတံတားမှာ အတန်းရှည်ကြီး တန်းစီနေကြသည်။ ဒီတံတားက လေလွင့်ဝိညာဥ်တွေ ပြန်လည်ဝင်စားနိုင်ရန်အတွက် သွားရမယ့်အပလောကကို ဝင်ရောက်ဖို့ရန် တစ်ခုတည်းသောလမ်း ဖြစ်၏။

သူတို့ရဲ့အတိတ်ဘဝနဲ့ပစ္စုပ္ပန်ဘဝကို ဘဝသုံးဆက်ကျောက်တုံးမှာ မြင်လိုက်ရပြီးနောက် အချို့တွေက ပျော်ကြ၊ အချို့တွေက ဝမ်းနည်းကြ၊ အချို့တွေက အစွဲအလန်းကြီးသွားကြ၊အချို့တွေက ဒေါသထွက်ကြ၊အချို့တွေကတော့ထူးမခြားနား၊ အချို့တွေက ငိုကြ၊ အချို့တွေက ရယ်ကြ၊....

ဒါပေမယ့် ထူးထူးဆန်းဆန်းမြင်ကွင်းတစ်ခု ဒီနေ့ မြင်လိုက်ရတာက၊ ရွှေရောင်လေလွင့်ဝိညာဥ်တစ်ယောက် ဘဝသုံးဆက်ကျောက်တုံးမှာ တွယ်ကပ်ဖက်တွယ်နေတာဖြစ်သည်။

ဝိညာဥ်ကနေ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်နေတဲ့အတွက် ဘေးကနေ ဖြတ်သန်းသွားကြတဲ့အခြားလေလွင့်ဝိညာဥ်တွေဟာ သူ့ကို ကြည့်တောင်မကြည့်ဝံ့ကြပေ။ အချို့ကတော့ တကိုယ်လုံးတုန်တုန်လှုပ်လှုပ်နဲ့ ခပ်ဝေးဝေးကနေတောင် ရှောင်ကွင်းနေကြသည်ပင်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now