Zawgyi
နောက်တစ်နေ့မှာပဲ ရိပေါ်က ရှောင်ကျန့်
ကိုပေကျင်းပြန်ဖို့ စီစဉ်ပေးခဲ့သည်.....
ဒဏ်ရာတွေပျောက်မှ စိတ်ချလက်ချပြန်
လွှတ်ပေးချင်ပေမယ့် ကောင်လေးရော
သူပါကျောင်းတက်ရဦးမည်လေ...."စီနီယာ ငါ့ဆီကိုပဲပြန်လာခဲ့ပါနော်...
ငါခင်ဗျားကိုစောင့်နေမှာ....""အင်း....သွားတော့...လေယာဉ်
ထွက်တော့မှာ...."မျက်ရည်စို့လျက် လှည့်ကြည့်လှည့်ကြည့်
နဲ့ထွက်သွားတဲ့ရှောင်ကျန့်ကိုကြည့်ရင်း
မျက်ရည်ဝဲလာတာကြောင့် ကျောခိုင်း
ကာနေလိုက်သည်......
ဒီဆုံးဖြတ်ချက်ချတာများများနေပြီလား..."စီနီယာ!!"
အသံစူးစူးလေးနဲ့အော်ရင်းပြေးလာ
တဲ့ကောင်လေးက ရိပေါ်အနားကိုရောက်
တော့ ကိုယ်ပေါ်ခွတက်ရင်း နှုတ်ခမ်းကို
တရှိုက်မက်မက်နမ်းသည်....
ပထမဦးဆုံး နှစ်ဦးသဘောတူရှိုက်မက်စွာ
နမ်းသည့်အချိန်က ယခုလိုအချိန်တဲ့လား....
နမ်းနေရင်းက ပါးစပ်ထဲဝင်လာတဲ့ငန်ကျိကျိ
မျက်ရည်တို့ကကောင်လေးမျက်ရည်လား
ရိပေါ်မျက်ရည်လားပင်မသဲကွဲ...
နှစ်ယောက်လုံးမျက်ရည်မိုးစွေနေကြ
သည်မို့....လေယာဉ်ထွက်မည်အချက်ပြုတော့မှ
ရှောင်ကျန့်ကရိပေါ်အောက်နှုတ်ခမ်းကို
တစ်ချက်ဖိနမ်းကာ ကိုယ်ပေါ်မှခုန်ဆင်းပြီး
နောက်ကိုလှည့်မကြည့်တော့ဘဲ
ပြေးသည်.....
စီနီယာကသူ့စကားကိုနားမထောင်ဘူးဆို
ပြီး မုန်းသွားရင် ဘယ်လိုလုပ်မလဲလေ.....နောက်မှာကျန်ခဲ့တဲ့ရိပေါ်ကတော့ပြေးထွက်
သွားတဲ့ကောင်လေးရဲ့ကျောပြင်ကို
ခပ်တောင့်တောင့်ကြီးရပ်ကာ အောက်
နှုတ်ခမ်းကိုဖိကိုက်လို့ မျက်ရည်ကျလျက်
ကြည့်ရင်းနဲ့သာ ကျန်နေခဲ့သည်......◇တဖြိုင်ဖြိုင်ကျနေတဲ့
မျက်ရည်မိုးတို့ကြောင့်
အမြင်အာရုံက မှုန်ဝါးနေပေမယ့်၊
မှုန်မှုန်ဝါးဝါးပဲမြင်နေရတဲ့
မင်းမျက်နှာကိုပဲ
မြတ်နိုးစွာကြည့်ရင်း၊
ဝေးကွာနေတော့မယ့် အချိန်တွေကို
ငါလျစ်လျူရှုမယ်။ ။ ◇>>>>>>>>>>>>>>>>>>>>>>>>
Luoyang ကပြန်လာပြီးတဲ့နေ့ကစလို့
ရှောင်ကျန့် တစ်လလုံးလုံးကျောင်းမသွား
ဖြစ်တော့သလို
ရိပေါ်နေတဲ့ အခန်းထဲမှာသာနေတော့သည်...
ထမင်းစားချိန်နဲ့ဟောက်ရွှမ်းတို့ လာတဲ့အချိန်
သာခဏထွက်သည်...
ပြီးရင်ရိပေါ်အခန်းထဲမှာသာဝင်ခွေနေ
တတ်သည်...
YOU ARE READING
Hate Vs. Love▪︎Completed▪︎
Teen Fictionunicode ဒါဆို အရာအားလုံးက အတုအယောင်တွေပေါ့ ဟုတ်လား ရှောင်ကျန့်...... ငါမှားသွားပါတယ်....ငါပဲမှားသွားခဲ့တာပါ.... တောင်းပန်ပါတယ်....... (Wang yi bo) ဒါပေမယ့် ငါခင်ဗျားကို တကယ်ချစ်ခဲ့တယ်လေ စီနီယာ.... (Xiao Zhan) zawgyi ဒါဆို အရာအားလုံးက အတုအေယာင္ေတြေပါ...