Chapter - 60

8K 1.5K 70
                                    

Unicode

သူဘာဖြစ်လို့ဒီလောက်တောင်ဝမ်းနည်းနေလဲဆိုတာရှန်ယွီမသိတော့ဘူး။သူတကယ်ပဲစိတ်ငြိမ်ငြိမ်ထားချင်ပေမဲ့အချိန်နည်းနည်းကြာသွားတာတောင်သူ့စိတ်တွေကမတည်ငြိမ်နိုင်သေးဘူး။

ဆိုးရွားလွန်းတဲ့လေထုကဧရာမလက်ကြီးအဖြစ်မသိမသာပြောင်းလဲသွားပြီးရှန်ယွီရဲ့လည်ပင်းကိုရက်ရက်စက်စက်ညှစ်ထားသည်။အဲ့ဒါကြောင့်ဖြစ်လာတဲ့မွန်းကျပ်မှုကြီးကသူ့ကိုအောက်စီဂျင်နည်းနည်းလေးမှရှူလို့မရအောင်တားဆီးထားခဲ့သည်။

သေခါနီးငါးတစ်ကောင်ကနာနာကျင်ကျင်အသက်ရှူနေရသလိုမျိုးသူကလည်းပါးစပ်ကိုဟပြီးအသက်ရှုနိုင်ဖို့ကြိုးစားနေမိသည်။

ထန်လီကယောကျ်ားလေးတွေကိုသဘောကျတာကိုသူသိလိုက်ရတဲ့အချိန်တုန်းကတောင်အဲ့ဒါကိုလက်ခံပေးဖို့သူ့အတွက်သိပ်မခက်ခဲခဲ့ဘူး။

သူပင်ပင်ပန်းပန်းပျိုးထောင်ထားခဲ့တဲ့ဂေါ် ဖီထုပ်လေးကိုတောဝက်တစ်ကောင်ဆွဲသွားပြီလို့ခံစားမိခဲ့တဲ့အချိန်တုန်းကပေါ့။

ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ဂေါ် ဖီထုပ်လေးကအရင်ထွက်သွားဖို့ကြိုးစားခဲ့သည်။

အမှန်ပဲ။

ထန်လီကထွက်သွားဖို့ရွေးချယ်ခဲ့သည်။

တကယ်တော့ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်ဆိုတာကိုရှန်ယွီသိထားပြီးသားပါပဲ။ပြီးတော့ဒီလိုနေ့မျိုးအတွက်လည်းသူကောင်းကောင်းပြင်ဆင်ထားခဲ့ပါသည်။

ဒါပေမဲ့ဒီအခိုက်အတန့်ကတကယ်ကြီးရောက်လာတဲ့အချိန်မှာတော့အမှန်တရားကအရမ်းကိုရက်စက်ပြီးလက်ခံဖို့ခက်ခဲလွန်းတယ်လို့သူခံစားလိုက်ရသည်။

ထန်လီကသူ့မေးခွန်းကိုပြန်မဖြေလောက်တော့ဘူးလို့တွေးနေမိတဲ့အချိန်မှာပဲတဖက်လူရဲ့နှေးကွေးလွန်းတဲ့စကားသံကိုသူကြားလိုက်ရသည်။

"လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းကထန်မိသားစုရဲ့ထန်မင်းကကျွန်တော့်ဆီရောက်လာခဲ့ပြီးကျွန်တော့်ရဲ့အဖိုးရဲ့အခြေအနေကအရမ်းစိုးရိမ်ရတယ်လို့ပြောတယ်။သူကအဖိုးမသေခင်ကျွန်တော့်ကိုသွားတွေ့စေချင်ခဲ့တယ်။"

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now